အပိုင်း (၃၅၉) - အစွယ်ကွေးကျားများ ငြိုငြင်ခြင်း

2.8K 313 1
                                    

Zawgyi


ထိုကျားအိုကြီး အလွန်စိတ်လှုပ်ရှားသွားသည်ကို အစွယ်ကွေးကျားဘုရင် မြင်သောအခါ သူ ချက်ချင်း ပင် နှစ်သိမ့်လေသည်။

"သူတို့ဒီနေရာကို အလကားသုံးမှာ မဟုတ်ဘူး၊ သူတို့က အကျိုးအမြတ်တချို့ပေးလိမ့်မယ်"

"မရဘူးပဲ" ထိုကျားအိုကြီးသည် ငြင်းဆန်ဆဲဖြစ်ကာ ပြောလေသည် "လူသားတွေက ကောက်ကျစ်ပြီး နိမ့်ကျတဲ့ သတ္တဝါတွေပဲ ငါတို့ သူတို့နဲ့ ဘာအကြောင်းမှ အပေးအယူလုပ်စရာမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သဘောမတူနိုင်ဘူး"

"ခင်ဗျားတို့အားလုံး ငြင်းဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး" ရှီမာယူယူသည် ပြောပြီးနောက် ဟာစွန်အား တစ်စုံ တစ်ရာ ပြောလိုက်သည်။ သူသည် ချက်ချင်းပင် ရောင်ဝါထုတ်လွှတ်လိုက်ရာ ထိုကျားအိုများသည် မြေပေါ်တွင် လဲကာ အသက်ရှု၍ပင်မရတော့ပေ။

"ဒါ ဘာဖိအားလဲ"

ထိုကျားအိုကြီးများသည် တုန်လှုပ်သွားကြသည်။ သူတို့သည် အသန်မာဆုံးမျိုးဆက်ဖြစ်သော်လည်း တစ်ဖက်လူ၏ ရောင်ဝါလွှတ်လိုက်သည်နှင့် မလှုပ်မရှားနိုင်ဖြစ်ရသည်။

"ဒါက ကောလဟာလတွေ ထွက်နေတဲ့ အထွတ်အထိပ်မိစ္ဆာဆိုတာလား" နေရာရှိ အားလုံးသည် အထွတ်အထိပ်မိစ္ဆာ၏ ဖိအားကို မခံစားဖူးသဖြင့် သူတို့စိတ်များတွင် ကြောက်စိတ်များ ပြည့်နေကြသည်

ဟာစွန်သည် မြေပေါ်တွင် လဲနေသော အစွယ်ကွေးကျားများအား ကြည့်ပြီး ပြောလိုက်သည် "ငါတို့ ဆွေးနွေးတယ်ဆိုတာက မင်းတို့်ကို မျက်နှာသာပေးလိုက်တာပဲ မင်းတို့ တကယ်ပဲ အဲလိုကိစ္စတွေကို ငါတို့နဲ့ ဆွေးနွေးဖို့ လုပ်ပိုင်ခွင့်မရှိဘူး"

"ငါတို့ ငါတို့..."

"မင်းတို့က အသက်ရှည်ရှည်နေနိုင်တဲ့ အစွယ်ကွေးကျားသာသာပဲလေ..မင်းတို့က အသက်ကြီးတာပဲ ရှိတာ မိစ္ဆာဘုရင်တောင်မှ မင်းတို့ကို ဂရုစိုက်ဖို့မလိုဘူးပဲ" ဟာစွန်သည် အေးစက်စွာ ပြောလေသည်။

"မဟုတ်ဘူး ငါတို့..."

"ဘာမဟုတ်တာလဲ" ဟာစွန် ပြောလိုက်သည် "ငါတို့က အစတုန်းက မင်းတို့ရဲ့ ကျင့်ကြံခြင်း နယ်မြေ အကြောင်းကို ဆွေးနွေးချင်ခဲ့တာ ဒါပေမဲ့ မင်းတို့က ငြင်းနေမှတော့ ထပ်ပြီးဆွေးနွေးဖို့ မလိုတော့ဘူး၊ မင်းတို့ရဲ့ နယ်မြေကို ကိုယ့်ဘာသာပဲ ဝင်ပြီး သုံးမယ် တခြားဘာပြောချင်တာရှိသေးလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now