အပိုင်း (၄၅၆) - တခြားသူများအား အနိုင်ကျင့်ခြင်း

2.7K 283 0
                                    

Zawgyi


ဂဠုန်ကိုးသည် ငှက်လေးထိုအကြောင်းအရာအား လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှီမာယူယူ ဘက်လှည့်ကာ ပြောလေသည် "င့ါသားက အလေးစားခံရမယ့်သူမျိုးပဲ အဲဒါကြောင့် သူက လူသားရဲ့ စာချုပ်မိစ္ဆာ လုပ်လို့မရဘူး၊ ငါတို့မျိုးနွယ်ရဲ့ စည်းမျဉ်းအရ မင်းတို့ စာချုပ်ကို အတင်းအကြပ်ဖျက်ပြီး မင်းကို သတ်ပြီး ဒီနှိမ့်ချမှု ကို သန့်ရှင်းပစ်ရမယ် ဒါပေမဲ့ ငါ့သားက မင်းကို ကာကွယ်ပေးနေတာဆိုတော့ မင်းဘာသာမင်း စာချုပ်ဖျက်မယ် ဆိုရင် ဒီကိစ္စကို ကျော်သွားပေးဖို့ ငါ့မျိုးနွယ်ကို ပြောပေးမယ်"

"မဖြစ်နိုင်ဘူး" ရှီမာယူယူသည် ဘာမှမပြောရသေးခင်မှာပင် ငှက်လေး အော်လိုက်လေသည်။ သူသည် ဂဠုန်ကိုးဘေးမှ ထွက်ကာ ရှီမာယူယူရှေ့တွင် ရပ်လိုက်လေသည်။ သူသည် သူ့သခင်ကို သူ့မိခင်မှ ထိခိုက် အောင် လုပ်ခွင့်မပေးနိုင်ပေ။

"ကလေး မင်းက အမေတို့ရဲ့ အနာဂတ်ဘုရင်ပဲ မင်းက လူသားရဲ့ စာချုပ်မိစ္ဆာတစ်သက်လုံးဖြစ်ချင် နေတယ်လို့ တော့ မပြောပါနဲ့" ဂဠုန်ကိုးသည် ငှက်လေးအား သူမ ထင်ထားသည့်အတိုင်းလက်လျော့ လိုက်လျှင် မကြိုက်သည့်အကြည့်ဖြင့် ကြည့်လေသည်။

"ကျွန်တော်ဘုရင်ဖြစ်ဖို့ စိတ်မဝင်စားဘူး ကျွန်တော့်သခင်နဲ့ပဲနေချင်တယ်" ငှက်လေး သူ့၏ သဘော ထားကို ပြောလေသည်။

"မဖြစ်နိုင်ဘူး" ဂဠုန်ကိုးသည် ပြစ်တင်ပြောဆိုလေသည် "မင်းရဲ့ ကံကမွေးကတည်းက သတ်မှတ်ပြီး သားပဲ၊ မင်းရဲ့ အမွေးတွေကို ကြည့်လိုက်၊ မင်းရဲ့ အရောင်အသွေးကို ကြည့်လိုက် ရွှေရောင်အမွေးတွေလေ ဖီးနစ်ငှက်တွေတောင် ဒီအရောင်ရှိတာ မဟုတ်ဘူး ဒီလိုကံတရားက မင်းမလိုချင်တိုင်း လွှင့်ပစ်လို့ရတဲ့ဟာ မဟုတ်ဘူး လူသားတစ်ယောက်အတွက်နဲ့ မင်းက ဒီလိုမျိုးကို လုပ်ရဲတာလား"

"သူမက လူသားဆိုပေမယ့် ကျွန်တော့်ရဲ့ သခင်ပဲ သူမက ကျွန်တော့်မိသားစုပဲ" ငှက်လေး ပြောလေ သည် "သူမက ဒီနှစ်တွေအကုန်လုံးမှာ ကျွန်တော်နဲ့ အတူရှိနေပေးခဲ့တာ သူမကသာ ကျွန်တော်အရွယ်ရောက် အောင် စောင့်ရှောက်ပေးခဲ့တာ အမေက ကျွန်တော်ဘုရင်ဖြစ်အောင်လို့ သူမကို စွန့်ပစ်ခိုင်းနေတာလား မဖြစ် နိုင်ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Donde viven las historias. Descúbrelo ahora