အပိုင်း (၄၈၈) - စုံစမ်းမှု

2.4K 288 7
                                    

Zawgyi


ရှီမာယူယူသည် တုန်လှုပ်ခြင်းမရှိဖြေလေသည် "ကျွန်တော့်မှာ ဘယ်သိမ်းငှက်နဲ့မှ စာချုပ်ချုပ်ထားတာ မရှိပါဘူး၊ ဒါပေမဲ့ တစ်ကောင်တော့ရထားတယ် တကယ်မြန်တာ တခြားငှက်တွေထက် နည်းနည်းတော့မြန် တယ်"

"ကောင်းတာပေါ့" ဘေဂုံအာသည် အားကျစွာ ပြောလေသည် "ကျွန်မက အမြဲတမ်းစမ်းစီးကြည့်ချင်တာ ဒါပေမဲ့ အခွင့်အရေးမရခဲ့ဘူး"

"ဟားဟား.." ရှီမာယူယူ ပြုံးလိုက်သည်။ သို့သော် သူမဆိုလိုသည်ကို သိသော်လည်း ဘာမှမပြောပေ။

ရှီမာယူယူ အလုက်သင့်ပြန်မပြောသဖြင့် ဘေဂုံအာသည် ဒေါသထွက်သော မျက်လုံးများဖြစ်သွားလေ သည်။ သို့သော် သူမသည် ပြုံးပြီးမေးလေသည် "သခင်လေးရှီ ဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ ဒီမှာ ကြာကြာနေဦးမယ်ဆိုရင် ဒီနားကနေရာတွေကို ခေါ်သွားပေးမယ်လေ၊ ကျွန်မ နေရာကောင်းတွေ အများကြီးသိ တယ်"

"မလိုပါဘူး" ရှီမာယူယူသည် သူမအား တည့်တိုးပင် ပြန်ဖြေလေသည် "ကျွန်တော်က လုပ်စရာရှိလို့ ဒီကိုလာတာပါ ကျွန်တော်သုံးရမယ့် ဆေးဖက်ဝင်ပစ္စည်းက မမှည့်သေးလို့ မှည့်တဲ့အချိန်ရောက်ရင် လာပို့တာကို စောင့်ဖို့ ၂ရက်လောက်နားနေတာပါ၊ ပါဝင်ပစ္စည်းတွေရောက်လာပြီဆိုတာနဲ့ မင်းတို့ဆီကလူရဲ့ အကူအညီနဲ့ ဆေးဖော်ပြီးတာနဲ့ ကိုယ့်လမ်းကိုယ်သွားမှာပါ၊ အဲဒါကြောင့် မိန်းကလေးဘေဂုံနဲ့ အပြင်သွားပြီး မကစားနိုင်မှာ စိုးပါတယ်"

"နှမြောစရာကောင်းလိုက်တာ" ဘေဂုံထန်သည် အားမရစွာ ပြောလေသည် "သခင်းလေးရှီက ဘယ်မှာ နေတာလဲဆိုတာ သိလို့ရမလား၊ ဒီနားလေးက မြို့တွေမှာ ရှီမျိုးနွယ်ဆိုတာ မကြားဖူးလို့ပါ"

"ကျွန်တော့်ရှီမျိုးနွယ်က အလယ်ပိုင်းဒေသမှာမဟုတ်ပါဘူး" ရှီမာယူယူ ပြန်ဖြေလေသည်။

"အလယ်ပိုင်းဒေသက မျိုးနွယ်မဟုတ်ဘူးလား" ဘေဂုံအာသည် အံ့သြစွာပြောလေသည် "ဒါဆိုရင် အဂ္ဂိရတ်ပညာရှင်ရှာဖို့ ဘာလို့အဝေးကြီးလာရတာလဲ"

"ဟူး...." ရှီမာယူယူသည် ခေါင်းရမ်းကာပြောလေသည် "ဧကရာဇ်ဆေးက ဖော်ဖို့အရမ်းခက်ပြီး ဗုဒ္ဓရွှေကြာကလည်း ရှာဖို့ခက်တယ်လေ အဲဒါနဲ့ ဒီကိုပဲလာရတော့တာပေါ့၊ ဗုဒ္ဓရွှေကြာတွေ့ပြီဆိုတာနဲ့ မြန်မြန် ဆေးဖော်ရမယ်ဆိုတာလည်း မင်းသိမှာပါ မဟုတ်ရင် အသုံးမဝင်တော့ဘူးလေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဗုဒ္ဓရွှေကြာပွင့်တာကို ကိုယ်တိုင်မြင်ဖို့လာခဲ့တာ အဲဒါပွင့်တာနဲ့ သိမ်းငှက်ဘုရင်က သူ့လူတွေကို လွှတ်ပြီး ဗုဒ္ဓရွှေကြာကို ခူးခိုင်းလိမ့်မယ်၊ အဲဒါကို ဆေးဖော်လို့မရဘူးဆိုရင်တော့ ကျွန်တော်တို့ ကံတရားလို့ပဲ မှတ်ရတော့မှာပေါ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now