အပိုင်း (၅၁၈) - ကျောက်များဖြင့် လောင်းကစားခြင်း (၅)

2.6K 300 3
                                    

Zawgyi


အခုတော့ သူမသည် လိုငွေအတွက် ဖရဲသီးအစေ့သုံးသည်ကိုပင် သူတို့ လှောင်ပြောင်မိကြသည်။ သူမ ထိုကဲ့သို့လုပ်မည်ဟု မည်သူမှ ထင်မထားပေ။

ထိုအကြီးအကဲ၏ မုတ်ဆိတ်မွေးများလှုပ်ရမ်းသွားသည်။ သူသည် အလယ်အလတ် အဆင့် သိန်းရာချီ တန်သော ကျောက်တုံးရှိသည့်အပြင်ကို ထိုဖရဲသီးအစေ့တန်ကြေးရှိသော ပိုက်ဆံကို ပင်လိုချင်နေသေးသည်။ သို့သော် ဧည့်သည်ကတောင်းဆိုသည့်အတွက် သူသည် ကြည့်ပြီးပြော လေသည် "ဝိဥာဉ်ကျောက်တွေက အရမ်း တော့သေးနေတယ် ဒါပေမဲ့ သန့်တော့သန့်တယ်၊ အထဲမှာရှိတဲ့ ဝိဥာဉ်စွမ်းအင်ကလည်းမဆိုးဘူး အဲနှစ်ချက် ပေါင်းလိုက်ရင် အလယ်အလတ်အဆင့် ဝိဥာဉ်ကျောက် ၂ထောင်လောက်တော့တန်မယ်"

ထိုကျောက်များသည် အလယ်အလတ်အဆင့် ဝိဥာဉ်ကျောက် ၂ထောင်တန်ကြေးရှိ သည်။ ထိုသည်မှာ သူမ ရင်းနှီးထားသော ၁သောင်း၈ထောင် တန်ကြေးထက်ပင် ပိုရသည်။ သို့သော် သူမသာ ထိုကျောက်ကိုမရခဲ့ပါ က သူမသည် လောင်းကစားတွင်ရှုံးခြင်းဖြစ်သည်။

"သခင်ကြီးကို ဒုက္ခပေးရတော့မှာပဲ" ရှီမာယူယူသည် ဖရဲသီးဝိဥာဉ်ကျောက်များကို ပေးပြီးနောက် ဟူဖန်ဖန်ဘက်လှည့်ကာ ပြောလေသည် "မိန်းကလေးဟူ ကျွန်တော့်ကို ပိုက်ဆံပေးရင် ဖရဲသီးအစေ့ ၂ထောင် အတွက်ကိုပါ မမေ့ပါနဲ့ သြော် ဆောရီး ၄ထောင်ပေးရမှာပဲ"

ဟူဖန်ဖန်၏ အမူအရာမှာ တင်းသွားကာ ဒေါသဖြစ်စွာ လှည့်သွားလေသည်။

ဟူလင်းသည် သူ၏ ညီမထိုအမူအရာဖြစ်သွားသည်ကို ကြည့်ပြီး သက်ပြင်းချမိသည်။ သူသည် ဖန်ကတ် ၂ကတ်ထုတ်ကာ ပေါင်းလိုက်သည်။ ထို့နောက်တွင် ထိုကတ်များကို ရှီမာယူယူလက်ထဲထည့်ပြီး ပြောလိုက်သည် "ဒါက ၇ရာနဲ့၎ထောင်ပါ၊ ယူလိုက်ပါ"

ရှီမာယူယူသည် ဖန်ကတ်ကို ပုံမှန်အတိုင်းသိမ်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ထိုမောင်နှမ၏ ပိုင်ဆိုင်မှုကို စမ်းစစ်လိုက်သည်။ သူတို့သည် အလယ်အလတ် ကျောက် ၇သိန်းကို မျက်စိတစ်မှိတ် အတွင်း ပေးနိုင်သည်။ ထိုသည်မှာ သူတို့သည် သာမာန်လူများ မဟုတ်သည်ကို ပြသနေသည်။ သူတို့တွင် ကြီးမားသော နောက်ခံရှိရမည်။ မည်မျှအင်အားကြီး သည်ကိုတော့ သူမ မသိသော်လည်း သာမန်မဟုတ်သည် တော့သေချာသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now