Zawgyi
အပိုင်း (၃၈၄) – စမ်းသပ်ခြင်း
ဆွေးနွေးမှုအတွင်းတွင် ရှီမာယူယူသည် ဘာမှမပြောပဲ တိတ်ဆိတ်စွာ နားထောင်ကာ အစောပိုင်း ချထားသော အစီအစဉ်များကို ထင်မြင်ချက်မပေးသော်လည်း တိုက်ပွဲအတွက် အစီစဉ်ကိုတော့ ဝင်ပြောသည်။ သူတို့သည် တစ်နေကုန် ဆွေးနွေးပြီးနောက်တွင် နိဂုံးချုပ်နောက်ရာ နောက်ဆုံးအစီအစဉ်သည် ညပိုင်းတွင် ပြီး သွားလေသည်။
ဆွေးနွေးမှုပြီးချိန်တွင် သူမသည် နတ်ဘုရားဆေးနှစ်လုံးကို ခေါင်းဆောင်များအားပေးပြီး သူမ နေသော ခြံဝန်းသို့ပြန်ကာ ရှီမာမိသားစုဝင်များအား ရှီမာမျိုးနွယ်ကို ခေါ်ယူမည့် အစီအစဉ်ကို ပြောပြလေသည်။
ရှီမာယူယူ၏ အစီအစဉ်ကို ကြားသည်နှင့် အားလုံးသဘောတူကြသည်။ သူတို့သည် အပြင်လောက ကိုထွက်လာပြီးသည့်နောက်တွင် အမြင်ကျယ်လာကြသည်။ ယိလင်းတိုင်းပြည်သည် နေရန် မသင့်တောဟု သူတို့လည်း ခံစားမိသည်။ သူတို့သာ ရှီမာမျိုးနွယ်ကို ခေါ်ထုတ်လာနိုင်ပါက အကောင်းဆုံးဖြစ်မည်။
အစောပိုင်းအစီအစဉ်များသည် ရှီမာယူယူနှင့်တခြားသူများအတွက် မလိုအပ်သေးသဖြင့် လေ့ကျင့်ရန် နီးစပ်ရာ တောင်ကြားသို့သွားကြလေသည်။ သူတို့မသွားခင်တွင် သူတို့အား ဆက်သွယ်ရန်နှင့် အလွယ်တကူ ခြေရာခံနိုင်ရန်တွက် ယွနှ်ဂျင်ဝေအား မိခင်ကျောက်တုံးပေးပြီး အရေးမကြီးပါက မရှာရန် ပြောထားခဲ့လေသည်။ ယွန်ဂျင်ဝေသည် နှစ်တစ်ရာအထက် နေလာသည်ဖြစ်၍ ရှီမာယူယူဆိုလိုသည်ကို နားလည်ပြီး မိခင်ကျောက်တုံး မှာလည်း အရေးကြီးကိစ္စများမှပင် အသုံးပြုရန်ဖြစ်သည်ကို သိသည်။
ထို့ကြောင့် ရှီမာယူယူသည် ရှီမာမိသားစုဝင်များကို တောင်ဆီသို့ခေါ်သွားပြီး ဟာစွန်ကို အစောင့်အဖြစ် ထားခဲ့ကာ ဝိဥာဉ်စေတီအတွင်း ဝင်ခဲ့ကြသည်။ အပြင်လောကတွင် တစ်ရက်သည် ဝိဥာဉ်စေတီတွင် ဆယ်ရက် ဖြစ်သောကြောင့် သူတို့သည် သာမာန်လောက၏ အချိန်ကို လိုက်တွက်နေရန်မလိုပေ။
နေ့များသည် တစ်ရက်ချင်းစီကုန်ဆုံးကာ အပြင်လောကတွင် နှစ်တစ်ဝက်ကုန်သွားချိန်တွင် ဝိဥာဉ်စေတီ အတွင်းတွင် အချိန် ၅နှစ် ကုန်သွားလေသည်။ ထို၅နှစ်အတွင်းတွင် တစ်ဦးချင်းစီသည် အဆက်မပြတ် တိုးတက် လာကာ အားလုံး၏ တိုးတက်မှုသည် ပြောစရာ စကားလုံးမဲ့လောက် အောင်ပင်ဖြစ်သည်။
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Ficción históricaBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...