Zawgyi
အပိုင်း (၄၉၉) – သူထွက်သွားပြီ
"လန်လေးက ငါတို့လန်မျိုးနွယ်ဝင်ပဲ အခုသူမက ဘေဂုံမျိုးနွယ်ကထွက်လာပြီဆိုတော့ ရင်မျိုးနွယ်ကို ဘာလို့ပြန်မလာရမှာလဲ" ကြက်သွေးရောင် စကတ်ရှည်ဝတ်ထားသော သတ်လတ်ပိုင်း အရွယ်အမျိုးသမီးသည် ရင်လန်၏ လက်ကိုကိုင်ပြီး ပြောလေသည် "လန်လေးက အပေါက်ကိုတောင် ဝင်လာပြီးပြီလေ ဘာလို့အိမ်ပြန် မလာရမှာလဲ လန်လေးရဲ့ အဖေနဲ့ မောင်လေးရဲ့ဇနီးက လန်လေးနေမယ့်အိမ်ကိုတောင် လူလွှတ်ပြီး ပြင်ခိုင်း ထားပြီးပြီ နောက်ဆိုရင် အဲခြံဝန်းတစ်ခုထဲမှာပဲနေရတော့မှာ"
"အဲဒါညီမလေးထန်လား" အမျိုးသမီးတစ်ယောက်သည် လျှောက်လာကာ ဘေဂုံထန်၏ လက်ကိုကိုင် ကာ ပြုံးပြီးပြောလေသည် "ငါက မင်းရဲ့ တစ်ဝမ်းကွဲအစ်မ ဖေဖေပဲ လာခဲ့ အရင်အဒေါ်နေခဲ့တဲ့အိမ်ကို ခေါ်သွား ပေးမယ်"
သူမပြောပြီးသည်နှင့် ရင်ရှိကိုပါ ညွှန်ပြလေသည်။
ရယ်စရာကောင်းလိုက်တာ။ ရင်လန်တို့က အခုတော့ ရတနာတွေဖြစ်သွားပြီလား။ သူတို့နဲ့ ဆက်ဆံရေး ဖြတ်လိုက်ပါက သိမ်းငှက်မျိုးနွယ်နဲ့ဆက်ဆံရေးကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်တော့မလဲ။
ဂဠုန်များ၏ ဘုရင်မှာလည်း သူမ၏ မိတ်ဆွေကောင်းဖြစ်သည်။ သူမသာ မရှိလျှင် ထိုလူများသည် ရင်မျိုးနွယ်ကို ဂရုစိုက်မည်တောင်မဟုတ်ပေ။
မိသားစု၏ စိတ်ဝင်စားမှုကြောင့်ပင် ရင်လန်သည် မျိုးနွယ်အား ထွက်မသွားနိုင်ပေ။
ဘေဂုံထန်နှင့် တခြာသူများသည် သူတို့၏အတွေးများကို မမြင်နိုင်ခြင်းမဟုတ်ပေ။ သို့သော် ဘေဂုံထန် နှင့် သူမမိသားစု၏ ပျော်ရွှင်မှုကို မျှော်လင့်နေသူများရှိသောကြောင့် တော်သေးသည်။ ထို့ကြောင့် သူတို့သည် မတွက်ကတ်တော့ပေ။
အရေးကြီးဆုံးမှာ ရင်လန်သည် ထိုအကြောင်းများကို မတွေးပဲ ပြန်လိုသော ဆန္ဒရှိခြင်းဖြစ်သည်။ ဘေဂုံထန်သည် သူမအမေ၏ ဆန္ဒကိုဖြည့်ဆည်းပေးချင်ရုံသာဖြစ်သည်။
ရှီမာယူယူနှင့် တခြားသူများသည် အိမ်တော်သို့ ဧည့်သည်တော်များအဖြစ် ဖိတ်ကြားခြင်း ခံရကာ အားလုံးနားရန် ခြံဝန်းပါပြင်ဆင်ပေးလေသည်။ ထိပ်တန်းပြုစုမှုပဲ။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Historical FictionBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...