အပိုင်း (၅၀၂) - သူ့ခန္ဓာကိုယ်ရဲ့ အခြေအနေ

2.8K 302 3
                                    

Zawgyi


ရှီမာယူယူ၏ အမူအရာကို မြင်သောအခါ ရှီမန်ဖန်သည် ခါးသက်စွာ ပြုံးကာ "အစ်မကို ဘာမှ ဖုံးကွယ် လို့မရဘူးဆိုတာ သိတယ် အဲဒါကြောင့် မကြည့်စေချင်တာကို ကြည့်တာကိုး"

"မင်းကိုယ်ထဲက ရောင်ဝါကတယ်ကို ထူးဆန်းနေတယ် အဲသတ္တဝါက မင်းရဲ့ ကိုယ်တွင်း အင်္ဂါတွေကို စား သောက်ချင်နေတယ်" ရှီမာယူယူ ပြောလိုက်သည် "အခုလက်ရှိ အရှိန်နှုန်းနဲ့ဆိုရင် မင်းနောက် ၅နှစ်တောင် မနေ ရတော့ဘူး"

"ကုန်မျိုးနွယ်က သမားတော်ကလည်းအဲလိုပြောတယ်" ရှီမန်ဖန် ပြောလေသည် "ငါ့အချိန်တွေ မရှိတော့ ဘူးဆိုတာ သိတယ် ငါအဲရောင်ဝါကို ထိန်းချုပ်နိုင်တဲ့အချိန်ကစပြီး တောင်ကြား ကထွက်လာခဲ့တယ်၊ ငါ ကျောင်ကျန်မျိုးနွယ်နဲ့ ရင်ယန်နန်းတော်ကလူတွေကို သတ်ချင်ခဲ့တယ် ငါတို့မိသားစုအတွက်လက်စားချေရ မယ်"

"မင်းအများကြီးသတ်ပြီးပြီလား" ရှီမာယူယူ ပြောလိုက်သည်။

"မများပါဘူး အဲလူတွေငါတို့မိသားစုကိုသတ်တာထက်စာရင် ၁၀ရာခိုင်နှုန်းပဲရှိသေး တယ်" ရှီမန်ဖန် သည် ကိုယ့်ကိုယ်ကို မုန်းတီးစွာပြောလေသည်။

ရှီမာယူယူသည် သူ့လက်အားကိုင်ကာ ပြောလိုက်သည် "အဲရောင်ဝါက မင်းကိုယ်ထဲမှာရှိပေမယ့် အချိန် တစ်ခုပဲထိန်းချုပ်လို့ရမယ် အဲဒါက မင်းအတွက် အသုံးဝင် ပေမယ့် မင်းသုံးလိုက်တိုင်း မင်းရဲ့ အချိန်တွေကို ဖြတ် ပစ်လိုက်သလိုပဲ"

"ငါသိတယ်" ရှီမန်ဖန် ပြောလိုက်သည် "သမားတော်တွေလည်း အဲလိုပြောတယ်"

"သိရင်ပြီးတာပဲ" ရှီမာယူယူ ပြောလိုက်သည် "ဒီနေ့ကစပြီး မင်းအဲရောင်ဝါကို မသုံးရတော့ဘူး ငါအဲဒါကို ချိတ်ပိတ်ဖို့ နည်းလမ်းရှာရမယ် ပြီးတာနဲ့ အဲဒါကိုဖယ်ပစ်ဖို့ နည်းရှာမယ် မင်းအတွက် အမြစ်ကဖြတ်ပေးမယ်"

"အစ်မ ငါအားတွေကို သုံးပြီးနေပြီ အခုမှ လက်လျော့မယ်ဆိုရင်ငါ..."

"မင်းအသက်က ပိုအရေးကြီးတယ်" ရှီမာယူယူသည် သူ့လက်ကိုဆုပ်ကိုင်ကာ "ငါတို့က တစ်ခါသေပြီး သွားပြီ နောက်တစ်ခါတော့ မဖြစ်ချင်ဘူးမလား၊ ငါတို့ ဖြေးဖြေးချင်း လက်စားချေသွားမယ် ပြီးတော့ အသက် ရှည်ရှည်နေကြမယ် အဲဒါမှ ငါတို့လက်စားချေတာက အဓိပ္ပာယ်ရှိမှာ စဉ်းစားကြည့် ငါတို့သန်မာတဲ့အချိန်ကျရင် ကျောင်ကျန်မျိုးနွယ်နဲ့ ရင်ယန် နန်းတော်ကို လက်စားချေတာ ပိုပြီး မချိုမြိန်ဘူးလား၊ အဲလိုအခွင့်အရေးမျိုး ဘယ်နခါရမယ်ထင်လဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now