Zawgyi
အပိုင်း (၄၅၃) – လင်းယုန်ဘုရင်
"သမုဒ္ဒရာမြို့တော်ကိုသာ သွားလိုက်၊ ငါတို့အခု သွားနှုန်းနဲ့ဆိုရင် ဒီလမ်းအတိုင်းဆက်သွားရင် အစိမ်း ရောင်မြို့တော် ရောက်လိမ့်မယ်" ချူချောင်ထန် ပြောလေသည်။
"ဟူး" အားလုံး သက်ပြင်းချမိလေသည်။ ဒီလူက နောက်နေတာလား ဘာလား။ သူတို့က ၁၀နှစ်လောက် လမ်းပေါ်မှာ သွားလာနေရမှာလား။ ပြီးတော့ သူတို့က ငှက်လေး၏ အရှိန်နှုန်းနှင့်မို့ ဒီလိုသွားနိုင်သည်။ သူတို့သာ တခြားသော မိစ္ဆာပျံစီးပါက ၁၅နှစ်လောက်ကြာမည်။
"ပြီးတော့ ငါတို့လမ်းမှာ တခြားအတားအဆီး ရှိမှာကို စဉ်းစားရမယ်" ချူချောင်ထန် ပြောလိုက်သည် "ဒါပေမဲ့ ငါတို့ မိစ္ဆာနယ်မြေတွေကို ဘယ်လောက်ဖြတ်ရမလဲဆိုတာ မသိသေးဘူး၊ သူတို့က ငါတို့နောက်လိုက် ပြီး သတ်နိုင်တယ်"
ရှီမာယူယူသည် နဖူးကို ပွတ်လိုက်သည်။ ဒါက တော်တော်ကြောက်စရာကောင်းတာပဲ။
"လျှန်မိသားစုကျရော လျှန်ဟုန်ရဲ့ အဖေက လျှန်မိသားစုဝင်လို့ ပြောခဲ့တယ်မလား၊ သူ့မိသားစု မျိုးနွယ် က သူ့ကို ဂရုမစိုက်ဘူးလား" ဝေကျိရွှီ မေးလိုက်သည်။
"သူ့အဖေက သူ့အမေနဲ့အတူ မိသားစုကို ပစ်ထားသွားတာ" ချူချောင်ထန် ပြောလေသည် "အဲဒါကြောင့် ပဲ သူ့ကို လေးစားသွားတာ၊ သူတစ်ယောက်တည်းကြောင့်မို့လို့လည်း သူ့ကို ကူညီဖို့ သဘောတူခဲ့တာ"
"ဒါဆိုရန် လျှန်မိသားစုက လျှန်ဟုန်ကို အရေးမစိုက်ဘူးပေါ့" ဖက်တီးကျူ မေးလိုက်သည်။
"လျှန်မိသားစုက လူလွှတ်ပြီး ငါတို့ကို မသတ်ခိုင်းတာပဲ တော်လှပြီ" ချူချောင်ထန်သည် ခါးသီးစွာ ပြုံး လိုက်သည် "ငါအစတုန်းကတော့ သူ့ကို အလယ်ပိုင်းဒေသကို ခေါ်သွားမလို့ပဲ ဒါပေမဲ့ ငါတို့ အလိုက်ခံနေရတော့ တခြားရွေးစရာမရှိဘူး အဲနေရာအသေးလေးကို ပြေးရတော့တာပဲ"
"ဒါဆိုရင် လျှန်ဟုန်ရှိတာ လျှန်မိသားစုက သိလား" ရှီမာယူရန် မေးလိုက်သည်။
"သိရင်လည်း သိမှာပေါ့ မသိရင်လည်း မသိဘူး" ချူချောင်ထန် ပြောလေသည် "အရင်တုန်းက သူ့ မိသားစုဝင် တစ်ယောက်က ငါတို့နဲ့အတူ ရှိသေးတယ် ဒါပေမဲ့ ပြေးရင်းကွဲသွားတာ၊ သူသာ အသက်ရှင်နေရင် လျှန်မိသားစုကသိမှာပေါ့ သူသာ သေသွားတယ်ဆိုရင်တော့ သူတို့ မသိနိုင်ဘူး"
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Ficción históricaBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...