အပိုင်း (၃၆၁) - တစ်ဖက်မှ တက်လမ်းများ

2.8K 306 0
                                    

Zawgyi


သူတို့ ကျင့်ကြံနေစဉ်တွင် လောကအသေး၏ တစ်ဖက်တွင် အခွင့်အရေးများရှာဖွေနေကြသည်။

တစ်ဖက်တွင် ရှီမာယူလီသည် ရှီမာမျိုးနွယ်ဝင်တချို့အား ခေါ်ကာ ရတနာများ ပေါ်သော နေရာသို့ သွားကြ လေသည်။

ရှီမာယူယူတို့နှင့် မတူညီပဲ သူတို့သွားသောနေရာတွင် ဝိဥာဉ်မိစ္ဆာတိုက်ပွဲများ ရှိနေပါ။ သူတို့နှင့် ပြိုင်ဆိုင် သူလည်း မရှိပေ။ ရတနာထွက်ပေါ်သည့် နောက်နေ့တွင် သူတို့ရောက်သွားသည်။

ထို့အပြင် သူတို့သည် ရတနာအားစောင့်ရှောက်သော မိစ္ဆာနှင့်လည်း လွယ်ကူစွာပင် တိုက်ခိုက်ကာ ရတနာကို ရလိုက်သည်။

"ယူလင်း အခု ဘယ်သွားကြမလဲ" ရှီမာယူယန် မေးလိုက်သည်။

"ငါတို့ ဘယ်မှမသွားဘူး ဒီနေရာက လူကွယ်ရာဖြစ်နေတယ်၊ အဲဒါကြောင့် ဒီမှာပဲ ကျင့်ကြံမယ်" ရှီမာယူလင်း ပြောလိုက်သည်။

"တခြား ရတနာတွေကို မရှာတော့ဘူးလား" ရှီမာယူရှင်း မေးလိုက်သည်။

"ဒီမှာ ဝိဥာဉ်ရွှီတွေ ထူထပ်နေတာကို သတိမထားမိဘူးလား" ရှီမာယူလင်း ပြန်ဖြေလေသည်။

"ထူတော့ထူနေတယ်" ရှီမာယူရန် ပြောလေသည်။

"ဒီကိုလာရတဲ့ ပထမရည်ရွယ်ချက်ကလည်း သန်မာဖို့ပဲလေ" ရှီမာယူလင်း ပြောလိုက်သည် "ဒီက ဝိဥာဉ်ရွှီက ယိလင်းတိုင်းပြည်ကထက် အဆ ၃ ၄ ဆလောက် ထူတယ်၊ ငါတို့ တက်လမ်းရှာဖို့ဆိုရင် တစ်ဆင့်လုံး တက်မှတော့ဖြစ်မယ်၊ ငါတို့ ဝိဥာဉ်တည်ဆောက်မှုနဲ့ လိုက်မယ်ဆိုရင် ပိုပြီးတောင် ဝိဥာဉ်ရွှီများဖို့ လိုသေးတယ်"

"ဒါဆို ရှီမာယူယူနဲ့ တခြားသူတွေကို သွားမရှာခင်အထိ ကျင့်ကြံလို့ရတယ်၊ ဒီလာရင်းနဲ့လည်း တခြား ရတနာတွေ ထပ်ရှိဦးမလားလို့ ကြည့်ခဲ့တာပဲ" ရှီမာယူရှင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနေရာက တခြားနေရာတွေနဲ့ ယှဉ်ရင် ဘာလို့ ဝိဥာဉ်ရွှီတွေ ထူထပ်နေတာလဲ" ရှီမာယူမင် မေး လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now