အပိုင်း (၃၆၃) - အကူအညီတောင်းခြင်း

2.8K 330 2
                                    

Zawgyi


"ဘာ" ဂေါင်မိစားစုဝင်များသည် အော်လိုက်မိကြသည်။ ဂေါင်ဖေဖေသည် တင်းကြပ်သွားကာ အသက် ကို ခက်ခဲစွာ ရှုနေရလေသည်။ သူတို့တွင် အထွတ်အထိပ်မိစ္ဆာရှိပါက ဒီလောကအသေးမှာ အကာအကွယ်မဲ့ သွားပြီပေါ့။ ရှီမာယူယူနှင့် တခြားသူများကို တွေ့ရုံအပြင်မရှိတော့ပေ။ သူမသည် နှင်းလွှမ်းနေသော တောင်များ ကို ကြည့်ပြီး ပြောလေသည် "ငါတို့ အဲဒီကို သွားပြီး ကံကောင်းဖို့ စမ်းကြည့်ရတော့မှာပဲ"

ယွန်ဖန်သည် သူမ အားကြည့်ကာ မေးလိုက်သည် "သူ့ကို သွားရှာမယ်လို့ ပြောတာလား"

"သူက လွဲရင် တခြားနည်းလမ်းမရှိတော့ဘူး" ဂေါင်ဖေဖေ ပြောလိုက်သည် "သူတို့ ငါတို့ကို ဘယ်လောက်တောင် ထောင်ချောက်ဆင်ထားမလဲ မသိဘူး၊ ပြီးတော့ ငါတို့ဘယ်လောက် ပြေးပြေး ရှာတွေ့မှာ ပဲ၊ သူတို့မှာတကယ် အထွတ်အထိပ်ရှိတယ်ဆိုရင် သူတို့အကူအညီမရှိရင် ဒီလောကအသေးကနေ ထွက်မသွား နိုင်လောက်ဘူး"

"ဒါပေမဲ့ ၆လတောင်ကြာသွားပြီ သူတို့က နှင်းဝံပုလွေမျိုးနွယ်မှာ ရှိမယ်လို့ထင်လား" ယွန်ဖန်သည် မသေချာစွာ ပြောလိုက်သည်။

"ငါတို့ ကံစမ်းကြည့်ရမှာပဲ အချိန်မရှိတော့ဘူး၊ ဒဏ်ရာတွေ ကုပြီးတာနဲ့ ခရီးတက်ကြ မယ်" ဂေါင်ဖေဖေ ပြောလိုက်သည်။ "ငါတို့ သူ့ကို ရှာမတွေ့ရင် အစ်ကိုကြီးယွန်ရိ တစ်ခုခုဖြစ်သွားမှာကြောက်..."

"အဲဒါဆိုလည်း သွားကြမယ်" ယွန်ဖန် ပြောလိုက်သည်။ သူတို့ ထိုနေရာတွင် ရှိနေ မနေကို မသိသော်လည်း သူတို့ အလောင်းအစားလုပ်ကြည့်ရမည်။

"သွားမယ်" သူတို့အဖွဲ့သည် မိစ္ဆာပျံစီးကာ ယွန်မိသားစုဝင်များသည် ဒဏ်ရာများ ကုရင်းနှင့် လိုက်လာ လေသည်။ ဒဏ်ရာအပြင်းအထန်ရထားသော ယွန်ဖန်မှ လွဲ၍ အများစုသည် အဆင်ပြေကြသည်။ ယွန်ဖန်သည် နှင်းဝံပုလွေမျိုးနွယ် ဆီသို့ရောက်လျှင်တောင် ပျောက်ရန် မဖြစ်နိုင်သေးပေ။

"ရပ်လိုက် မင်းတို့ဘယ်သူတွေလဲ ငါတို့ တောင်ကို ဘာလို့လာတာလဲ" သူတို့တောင် အစွန်အဖျား ရောက်သည်နှင့် နှင်းဝံပုလွေအုပ်စု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ နှင်းဝံပုလွေများသည် ရန်လိုကာ သူတို့ ရန်သူကို အချိန်မရွေး ရှင်းပစ်နိုင်သည့် အလားအလာရှိသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now