Zawgyi
အပိုင်း (၃၇၁) – ဝူလင်းယူ၏ ဆန်းကြယ်မှု
ရှီမာယူယူသည် လူများကို ဦးဆောင်ကာ တိုက်ခိုက်နေချိန်တွင် ရှီမာယူလင်းနှင့် တခြားသူများသည် တံခါးပိတ်ကျင့်ကြံနေကြသည်။
ရှီမာယူလင်းသည် ပထမဆုံး ထွက်လာသူဖြစ်သည်။ သူသည် ကိုးလအတွင်းတွင် အဆင့် ၃ဆင့်တက် ကာ အဆင့်၎ သူတော်စင်အဆင့်ရောက်လေသည်။
ရှီမာယူလန်သည်လည်း ထိုအဆင့်ပတ်ချာလည်ပင်ဖြစ်သည်။ သူမသည် အဆင့် ၄မှ တက်ရန် ပိတ်ဆို့ ခံလိုက်ရသည်။
ရှီမာယူယန်သည် အဆင့်၃ သူတော်စင်ဝိဥာဉ်ဖြစ်လာသည်။
တခြားသော ရှီမာမျိုးနွယ်ဝင်များသည်လည်း သူတော်စင်အဆင့် ရောက်ကြသည်။
သူတို့သည် ဂူထဲမှ ဝိဥာဉ်ရွှီများကို စုပ်ယူပြီးနောက် မျက်လုံးများဖွင့်လာကြသည်။
"ဒီက ဝိဥာဉ်ရွှီတွေ အကုန်လုံးကို ငါတို့စုပ်ယူနိုင်မယ်လို့ ထင်မထားဘူး" ရှီမာယူရှင်း ပြောလေသည်။
"မဆိုးဘူး အားလုံး သန်မာလာကြတယ်" ရှီမာယူယန်သည် ပြုံးပြီးပြောလေသည်။
"ငါတို့အားလုံး သူတော်စင်အဆင့်ဝင်နေကြပြီ" ရှီမာယူမင်နှင့် တခြားသူများသည်လည်း သဘောကျ နေကြသည်။ ဒီတစ်ခေါက် သူတို့ရသော အကျိုးအမြတ်မှာ ကြီးသည်။
သူတို့အတွက် စောင့်ပေးသော စာချုပ်မိစ္ဆာများကို မေးပြီးနောက် သူတို့သည် ၁၀လကျော်အကြာ ကျင့်ကြံ နေသည်ကို သိခဲ့ရသည်။
"၁၀လကျော်သွားပြီ" ရှီမာယူလင်း၏ မျက်ခုံးများပင့်သွားသည် "ငါတို့ ဒီလောက်အကြာကြီး တံခါးပိတ် ကျင့်ကြံဖြစ်သွားမယ်လို့ ထင်မထားဘူး အခုတော့ ငါတို့ထွက်သွားဖို့ ၂လပဲကျန်တော့တယ်၊ ငါတို့ ယူယူနဲ့ တခြား သူတွေကို ရှာရတော့မယ်"
"ဒီမှာ အရိုးစုတွေရှိနေတယ်" ရှီမာယူရွှီ အော်လိုက်သည်။
အားလုံးသည် သူကြည့်နေသော နေရာအားကြည့်လိုက်ကြသည်။ ဂူ၏ အနက်ဆုံးအပိုင်းတွင် အဖြူရောင် အရိုးစုများရှိနေသည်။ ထိုနေရာသည် ဝိဥာဉ်ရွှီကန်ရှိသောနေရာ ဖြစ်သည်။ သူတို့သည် ကန်ကို ရေခန်းအောင် စုပ်ယူလိုက်သဖြင့် အရိုးများ ပေါ်လာခြင်းဖြစ်သည်။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Historical FictionBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...