အပိုင်း (၃၅၅) - နှင်းဝံပုလွေမျိုးနွယ်နှင့် ညှိနှိုင်းမှု ပြုလုပ်ခြင်း

2.9K 317 0
                                    

Zawgyi


လင်းလုံ မထိမခိုက်ပဲပြန်လာသည်ကို ရှီမာယူယူ မြင်သောအခါ သက်ပြင်းချကာ သူမအား ဖက်လိုက်ပြီး မေးလိုက်သည် "မင်းအဆင်ပြေလား"

"အဆင်ပြေတယ် ဒီလောက်အအေးက ငါ့ကို ထိခိုက်အောင် လုပ်လို့မရပါဘူး ခဏလောက်ပဲ အေးသွား တာ" လင်းလုံ ပြောလိုက်သည်။

"ဒီမှာ" ဟာစွန်သည် ရှီမာယူယူအား ကျောက်တုံးအရိုးစုပန်း ပေးလိုက်သည်။ ရှီမာယူယူသည် သေတ္တာ ထုတ်ကာ ထည့်ချင်ယောင်ဆောင်လိုက်သော်လည်း အမှန်တကယ်တော့ ဝိဥာဉ်စေတီထဲထည့်ကာ ဝိဥာဉ်လေး အားပေးလိုက်ခြင်းဖြစ်သည် ဝိဥာဉ်လေးသည် ထိုပစ္စည်းနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်ကို ဖန်တီးကာ သေချာ စွာ ထိ

န်းသိမ်းပြီး အမြစ်အပါအဝင် အပင်တိုင်းပင် ထိန်းသိမ်းထားလေသည်။ ကျောက်တုံးအရိုးစုပန်း၏ အမြစ်သည် ပျက်စီးခြင်းမရှိသဖြင့် ဆက်လက် ကြီးထွားနိုင်သည်။

နှင်းဝံပုလွေသည် ဟာစွန်ပစ်လိုက်သောကြောင့် ဒဏ်ရာရသွားကာ နိုးလာသည်နှင့် နှင်းများ အရည်ပျော် ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ နှင်းများတွင် နစ်ဝင်နေကြသော လူများသည်လည်း လွတ်မြောက် လာကြသည်။

"အထွတ်အထိပ်မိစ္ဆာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီလိုနေရာမှ အထွတ်အထိပ်မိစ္ဆာဘယ်လို ရှိနေ တာလဲ" နှင်းဝံပုလွေသည် ဟာစွန်အား မယုံကြည်စွာ ပြောလေသည်။ အထွတ်အထိပ်မိစ္ဆာရှိနေသဖြင့် ဘယ်သူ မှ ကျောက်တုံးအရိုးစုပန်းနားကို မကပ်ရဲကြပေ။ သူတို့သည် နှင်းဝံပုလွေများနှင့် ဝေးရာသွားသောကြောင့် တိုက်ပွဲမှာ နားသွားလေသည်။

"တကယ်ပဲ အထွတ်အထိပ်မိစ္ဆာပဲ" တစ်စုံတစ်ယောက်သည် ဟာစွန်အား ကြည့်ပြီး ကြေညာလေသည် "သူ ဘယ်လိုလုပ်ဝင်လာတာလဲ"

"စံတင်ဝိဥာဉ်အဆင့် အောက်မှ ဒီကိုဝင်လာနိုင်တာ မဟုတ်ဘူးလား"

"ဟုတ်တယ် ငါတို့ ဒီရောက်တော့ ဒီနေရာကို ဝင်ဖို့ကြိုးစားတဲ့ အံ့ဖွယ်မိစ္ဆာတွေကိုတွေ့ခဲ့တယ် ဒါပေမဲ့ သူတို့ မဝင်လိုက်ရပါဘူး အထွတ်အထိပ်မိစ္ဆာက ဘယ်လိုလုပ် ဝင်လို့ရတာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now