အပိုင်း (၄၁၆) - မိသားစုအတွက် တိုးတက်မှုများ (၂)

3K 347 0
                                    

Zawgyi

ဆုံးအကြိမ်ဝင်လာစဉ်ကလည်း မိသားစုအကြောင်း မစုံစမ်းပဲနှင့် ဝင်မပါခဲ့ပေ။ သူမတွင် ဆန့်ကျင်ရေးဆေးတစ်ရာ ရှိသော်လည်း မပြောခဲ့ပေ။ အခု သူမသည် မိသားစုနှင့်အတူရှိခဲ့သည်မှာ ကြာပြီဖြစ်၍ ထိုမိသားစုအကြောင်းကို လည်း သိပြီးဖြစ်ရာ မိသားစု အနာဂတ်အတွက် မိသားစုအတွင်းရှိ အရည်အချင်းရှိသူများကို ပျိုးထောင်ရန် စဉ်းစားခဲ့သည်။

ရှီမာယူယူသည် ဆန့်ကျင်ရေးဆေးတစ်ရာဆေးနည်းကို အကြီးအကဲလီဆီသို့ ပေးပြီး မေးလိုက်သည် "လူကြီးမင်းတို့ မိသားစုမှာ အဂ္ဂိရတ်ပညာရှင် ဘယ်နယောက်ရှိလဲ"

အကြီးအကဲလီသည် ရှီမာယူယူမေးရသည့် အကြောင်းအရင်းကို မသိသော်လည်း စိတ်လှုပ်ရှားစွာ ပြန် ဖြေလေသည် "ငါ့မိသားစုမှာ အယောက် ၃၀၀လောက်ရှိတယ် အဂ္ဂိရတ်ပညာရှင်ကတော့ ၁၇၈ယောက် ရှိတယ်၊ တခြားမိသားစုတွေနဲ့ ပေါင်းလိုက်ရင်တော့ ၂၃၅ယောက်ရှိတယ်"

အဂ္ဂိရတ်ပည်ာရှင် အယောက်၂၀၀ကျော်၊ ယွန်နှင့် ဂေါင်မိသားစု နှစ်ခုပေါင်းလျှင်ပင် ထိုအရေအတွက် လောက်မများပေ။

"သူတို့အဆင့်တွေကရော" ရှီမာယူယူ မေးမြန်းလေသည်။

"အဆင့်၆က ၃ယောက်၊ အဆင့်၅က ၁ဝယောက် အဆင့်၎က အယောက်၃၀နဲ့ အဆင့်၃က ၇၀ရှိပြီး ကျန်တဲ့သူတွေက အဆင့် ၁နဲ့ ၂တွေပါ" အကြီးအကဲလီ ပြန်ဖြေလေသည်။

ရှီမာယူယူ မေးစေ့ပွတ်လိုက်သည်။ ဒီမိသားစုဂိုဏ်းကတော့ ကြောက်မက်ဖွယ်ဖြစ်လာမှာပဲ အဂ္ဂိရတ် ပညာရှင်နဲ့ မိစ္ဆာထိန်းကျောင်းသူ အရေအတွက်များစွာ ရှိသည်။ သူတို့အဖွဲ့သည် အားနည်းမနေပါ။ သူမ ထို အကြောင်းအား စိုးရိမ်ရန်မလိုပေ။ သူတို့သည် နောက်ကျမှ စတင်ခဲ့သည်ဖြစ်၍ ဖိအားများသည်။ အချိန်တန်ရင် တော့ ပြဿနာမဖြစ်နိုင်တော့ပါဘူး။

"ကျွန်တော့်မှာ တခြားဆေးနည်းတွေရှိသေးတယ်၊ ကျွန်တော် စီစဉ်ပြီးရင် မိတ္တူကို သူတို့ကို ပေးမယ်၊ ကျွန်တော့် အဂ္ဂိရတ်ပညာသင်တုန်းက ကျွန်တော့်ဆရာဆီကရခဲ့တဲ့ အကြံနဲ့ သတိထားရမယ့် အချက်လေးတွေ ကိုလည်း ပြောပြမယ်၊ ကျွန်တော် ပြင်ပြီးလို့ စီစဉ်ပြီးရင် အားလုံးကို သူတို့သင်တဲ့နေရာမှာ ပြောပြပေးမယ်" ရှီမာယူယူ ပြောလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now