အပိုင်း (၃၂၆) - အန္တရာယ်ရှိသော မြေအောက်သို့ ဝင်ခြင်း

3.1K 323 0
                                    

Zawgyi


ရှီမာယူယူ ဝန်ခံမည်ဟု ရှီမာယူလင်း ထင်မထားပေ။ သူ အံ့သြသွားသည်။

သူ ဘယ်လိုသိတာလဲ။ ထိုမေးခွန်း အမေးခံလိုက်ရသောအခါ သူ ပြောနိုင်သည်မှာ "ငါ မှန်းကြည့်တာပဲ"

အရင်က သူ တစ်ခါထက်ပို၍ စဉ်းစားကြည့်ရာ ဖြစ်နိုင်ချေမှာ ရှီမာယူယူသည် မိန်းကလေးဖြစ်သည်ဟု။ သို့သော် ရှီမာယူရန်နှင့် တခြားသူများသည် သူမ အနီးသို့ ယောက်ျားလေးများ မချည်းကပ်စေရန် ဒိုင်းကာ သဖွယ် ကာကွယ်ပေးခဲ့သည်။

သို့သော် ထိုအချက်မှာ သူ့ခန့်မှန်းချက်ပင် ဖြစ်သည်။ သူ သူမအား ဖက်လိုက်ချိန်တွင် သူတို့ ခန္ဓာကိုယ် များ ကပ်သွားသောကြောင့် ရင်ဘတ်များ နီးကပ်သွားသောအခါ မိန်းကလေးအနံ့ရ လိုက်သောကြောင့် သူ့ ခန့်မှန်းချက် မှန်နေသည်ကို အတည်ပြုနိုင်လိုက်သည်။

"မင်းက မှန်းတဲ့နေရာမှာ တော်တာပဲ" ရှီမာယူယူသည် ရှီမာယူလင်းရှေ့တွင် ဘယ်တုန်းကမှ သူမကိုယ် သူမ သရုပ်မှန်ပေါ်အောင် မနေခဲ့ဖူးပေ။ သူသည် တိကျစွာ ခန့်မှန်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ထိုလူသည် ပါးနပ်လွန်းသည်ကို သူမ ခေါင်းခါမိသည်။

"မင်း ဘာလို့ ယောက်ျားလေးကို ဟန်ဆောင်ချင်ရတာလဲ" ရှီမာယူလင်းသည် သူမကိုယ်သူမ မိန်းကလေးဟု ပေါ်ပေါက်ပြီးနောက် ဘယ်လို အံ့သြမှုဖြစ်သွားမလဲ ဆိုသည့် သူမ၏ သေးငယ်သော မျက်နှာကို ကြည့်လိုက်သည်။

"ငါ့အဖေက အဘိုးကို ငါ့ကို ပေးလိုက်တုန်းက ပြောခဲ့တာ၊ အဘိုးက ဒီနှစ်တွေ ကို ယောက်ျားလေးလိုပဲ နေခိုင်းတာ၊ အကြောင်းအရင်းကိုတော့ ငါလည်းမသိဘူး" ရှီမာယူယူ ပြောလိုက်သည်။ "မင်း ပိုမသိချင်တာ ကောင်းလိမ့်မယ်"

"အင်း" ရှီမာယူလင်း ခေါင်းညိမ့်လိုက်သည်။

"ဒါ ဘယ်နေရာလဲ" ရှီမာယူယူသည် သူ သဘောတူသည်ကို သိပြီးနောက် ဖိအား မပေးတော့ပေ။ သူမ သည် သူတို့ လက်ရှိနေရာအား အကဲခတ်လိုက်သည်။

"ငါတို့ တောင်တွေကြားမှာထင်တယ်" ရှီမာယူလင်း ပြောလိုက်သည် "မဟုတ်ရင် ငါတို့ မြေအောက်မှာ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now