အပိုင်း (၃၈၆) - စည်းမျဉ်းများနားလည်ရန် ပြန်သွားခြင်း

2.9K 313 0
                                    

Zawgyi


ရှီမာယူယူနှင့် တခြားသူများသည် အပေါက်ကို ဖြတ်ကာ အန်ယန်းမြို့တော်သို့ ရောက်လေသည်။ အဘိုး နတ်ဆိုးသည်လည်း ထိုနေရာအား ကောင်းကောင်းသိသည့်ပုံပင်။

"မင်းတို့ပြန်သွားသင့်ပြီ ဘိုင်ချွမ်းနဲ့ ငါပြန်တော့မယ် ယွန်ရိ မင်းက ဒီမှာနေခဲ့" အဘိုးနတ်ဆိုး ပြောလိုက် သည်။

"ဆရာ ကျွန်တော်တို့နဲ့ မလိုက်ဘူးလား" ရှီမာယူယူ မေးလိုက်သည်

"ဒီကကိစ္စကို ငါတို့ ကြားဝင်လို့မရဘူး၊ ဒီပြဿနာက မင်းတို့ထမ်းရမယ့် ပြဿနာပဲ" အဘိုးနတ်ဆိုး ပြော လိုက်သည်

"ဘာလို့လဲ" ရှီမာယူယူ နားမလည်ပေ။

"ဒါက အပေါ်ကချထားတဲ့ သဘောတူညီချက်ပဲ" အဘိုးနတ်ဆိုး ပြောလိုက်သည်။ "ငါတို့က လောက အနိမ့်က ကိစ္စကို ဝင်ပါလိုက်ရင် တခြားအင်အားရှိတဲ့သူတွေက တိုက်ခိုက်လိမ့်မယ်"

"အဲလိုမျိုး သဘောတူညီချက်ရှိတာလား"

"ရှိတာပေါ့ ငါတို့ လုပ်ချင်သလို ဝင်ပါလိုက်ရင် တစ်ကမ္ဘာလုံး ရှုပ်ယှက်ခတ်သွားမယ်.. အားနည်းတဲ့ သူတွေကို အမိန့်အာဏာနဲ့ ကာကွယ်ပေးထားတယ်" အဘိုးနတ်ဆိုးသည် မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

"ပညာရှိစံအိမ်တော်က သူ့အင်အား ချဲု့ထွင်တာကျရော"

"ပညာရှိစံအိမ်တော်က သူတို့အင်အားကို နေရာတိုင်းမှာ ချဲ့ထွင်ပေမယ့် အပေါ်ကလူတွေက အောက် က ကိစ္စတွေကို ဝင်ပါလို့မရဘူး၊ မှီခိုကင်းတိုင်းပြည်က ပညာရှိစံအိမ်တော် တစ်ခုခုဖြစ်တယ်ဆိုရင် တခြားနေရာ ကဝင်ပါလို့မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အင်အားတိုးချဲ့တယ်ဆိုရင် သူတို့အင်အားများလာပြီး တခြား တိုင်းပြည်က ပညာရှိစံအိမ်တော်ကို တိုက်ရိုက်ဝင်လို့ရတာပဲ"

"ဆရာပြောချင်တာက ကျွန်တော်တို့က မှီခိုကင်းတိုင်းပြည်က ပညာရှိစံအိမ်တော်ကို ဖျက်ဆီးရင်တောင် သူတို့က ယွန်နဲ့ ဂေါင်မိသားစုကို ဖျက်ဆီးဖို့ လူလွှတ်လို့မရဘူးပေါ့" ရှီမာယူယူ သဘောပေါက်လာသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now