Zawgyi
အပိုင်း (၄၃၈) – ခင်ဗျားအောက်ကလူတွေကို ဆုံးမထား
ဒင်၃သည် မြေမှ တွားသွားပြီးထကာ ထပ်တိုက်ခိုက်ရန် စဉ်းစားလိုက်သော်လည်း ကျောင်ရှောင် သည် လျင်မြန်စွာ သူ့အရှေ့ပြေးသွားပြီး ပြောလိုက်သည် "သခင်ကြီးဒင်၃ ထပ်ပြီးမတိုက်တာကောင်းပါမယ်၊ ဒီမှာ တည်ဆောက်မှုလုပ်ထားတာ၊ သခင်ကြီးတိုက်လိုက်ရင် အဲတည်ဆောက်မှုက သခင်ကြီးကို ပစ်မှတ်ထားလိမ့် မယ်"
ဒင်၃၏ ဝိဥာဉ်စွမ်းအင်သည် သူ့လက်အတွင်းကျန်နေသော်လည်း သူ့မျက်နှာသည် ကြောက်မက်ဖွယ် ဖြစ်လေသည်။
"အဲမှာ တည်ဆောက်မှုသခင်ရှိနေတာလား"
"ဟုတ်ပါတယ်၊ တည်ဆောက်မှုသခင်ပါ၊ အဲတည်ဆောက်မှုကြောင့်ပဲ သခင်ကြီးရဲ့ ဝိဥာဉ်စွမ်းအင်က ပြန်ကန်ထွက်လာတာပါ" ကျောင်ရှောင်၏ အမူအရာသည် တည်ငြိမ်နေသော်လည်း ရယ်မောမည့်အတိုင်း ဖြစ်နေသည်။
မင်းက ဝင့်ကြွားနေခဲ့တာ မဟုတ်လား။ အခုတော့ ပျာယာခတ်နေပြီ။
တည်ဆောက်မှု သခင်... ကျားအိမ်တော်တစ်ခုလုံးတောင်မှ တည်ဆောက်မှုသခင်မရှိဘူး၊ ဒါပေမဲ့ မင်းက တည်ဆောက်မှုသခင်ကို လှုံ့ဆော်ရဲတယ် ဟုတ်လား။ မင်း လုပ်စရာမရှိဘူးထင်တယ်။
သေချာကို အမှုထမ်းနေတာပဲ။
"သွားတော့" ရှီမာယူယူ အသံထပ်ထွက်လာသည်။ အအော်ခံရသော ဒင်၃သည် မီးတောက်များ အပြည့် ရှိသော်လည်း မပစ်ရဲပေ။ သူသည် အံကြိတ်ကာ ဒေါသထွက်ကာ ထွက်သွားလေသည်။
သူထွက်သွားသည်နှင့် ရှီမာယူယူသည် ကျောင်မာအား ပြောလိုက်လေသည် "မင်းအရင်သွားလိုက် တော့"
ကျောင်မာသည် အနည်းငယ်စိုးရိမ်မိသည်။ သို့သော် ရှီမာယူယူ၏ ပုံမှန်ဖြစ်သော အမူအရာအား ကြည့် ပြီးနောက် ခေါင်းညိမ့်ကာ ပြောလေသည် "အဲဒီ ကျောင်ရှုရန်က နည်းနည်းအားနည်းပေမယ့် သူက ကောင်းကင်ကျားအိမ်တော် သခင်ကြီးရဲ့ အမျိုးပဲ၊ သူ့ရာထူးကလည်း ကောင်းကင်ကျားအိမ်တော်မှာ မြင့်တဲ့ အထဲပါတယ်"
"သိပြီ" ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
ကျောင်မာသည် တစ်စုံတစ်ရာ ပြောချင်သော်လည်း ခံစားမှုကင်းသော ရှီမာယူယူ၏ အမူအရာကို ကြည့် ပြီး ပြောမည့်စကားကို မျိုချကာ ပြောလိုက်သည် "ဒါဆို ကျွန်မအရင်သွားနှင့်မယ်နော်"
DU LIEST GERADE
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Historische RomaneBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...