အပိုင်း (၄၃၅) - အဟန့်အတားအားဖြတ်ကျော်ခြင်း

2.7K 325 0
                                    

Zawgyi


"ကောင်းလိုက်တာ၊ ယူယူ ကျေးဇူးတင်ပါတယ်" ကျောင်မာသည် ရှီမာယူယူအား ကျေးဇူးတင်စွာ ကြည့်လေသည် "စိတ်မပူနဲ့ ကျွန်မတို့လုပ်ပေးမယ်" မိစ္ဆာအားထိန်းကျောင်းရန် မိစ္ဆာထိန်းကျောင်းသူ ခန့်အပ် ခြင်းသည် အလွန်ဈေးကြီးသည်ကို သူတို့သိကြသည်။ သို့သော် သူတို့သည် သူတို့မိသားစု၏ စွမ်းကို မြင့်တင် လိုပါက ပိုင်ဆိုင်ထားသမျှကို ရောင်းချရမည်ဖြစ်သ်ည။

ရှီမာယူယူသည် ထိုအပေးအယူနှင့် ပတ်သတ်ပြီး ဘာမှမပြောပေ။ သူမ သူတို့အား ကူညီပေးရန် အကြောင်းအရင်းမှာ သူမ ဖီးနစ်အား ထိန်းကျောင်းနေစဉ်တွင် လုပ်ငန်းစဉ်မှ တစ်ဆင့် ပြန်ရသော စွမ်းအင် သည် သူမ ဝိဥာဉ်စွမ်းအား ပြန်ကောင်းရန် ကူညီပေးသောကြောင့်ဖြစ်သည်။ အထောက်အကူ အနည်းငယ်ဖြစ် သော်လည်း ထိုအထောက်အကူအနည်းငယ်သည် အကျိုးပြုသည်။

"အဆင့်၎ အထွတ်အထိပ်မိစ္ဆာအဆင့်အောက်ဆို အဆင်ပြေတယ်၊ ဒါပေမဲ့ အဲထက်အဆင့်မြင့်တာ ဖမ်းမိရင်တော့ ပိုအားကောင်းတဲ့ ဝိဥာဉ်မိစ္ဆာရမှာပေါ့" ရှီမာယူယူ ပြောလိုက်သည် "ငါ သွားဖို့ ပျင်းနေပြီ ဒီမှာပဲ စောင့်နေမယ်"

"ကောင်းပြီ ကျွန်မတို့ ဖမ်းပြီး ပြန်လာမယ်" ကျောင်မာ ပြုံးပြီး ပြောလိုက်သည် "ဖီးနစ်နဲ့ဆိုရင် မဖမ်း နိုင်စရာမရှိဘူး" သူမသည် ဖီးနစ်ကျောပေါ်တက်ကာ သူမ မိသားစုဝင်များကို ခေါ်ဆောင်ကာ ကောင်းကင်သို့ ပျံ တက်သွားလေသည်။

ရှီမာယူယူသည် အသိုက်အောက်ရှိ ကျောက်တုံးများဆီသို့ လျှောက်လာကာ ထိုင်ပြီး နားနေလိုက် သည်။ ဖီးနစ်ငှက်၏ ရောင်ဝါကြောင့်ပင် တခြားသော ဝိဥာဉ်မိစ္ဆာများသည် ထိုနေရာသို့ မကပ်ရဲကြပေ။

"ယူယူ ငါတို့ နောက်ဆုံးတော့ မင်းနဲ့ ဆက်သွယ်လို့ရပြီ မင်းအဆင်ပြေရဲ့လား" ဟိန်းသံလေး သည် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စွာ အသံထွက်လာသည်။

"ငါအဆင်ပြေတယ်" ရှီမာယူယူသည် ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည် "အားလုံး ဘယ်လိုလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now