Zawgyi
အပိုင်း (၃၅၆) – နှင်းဝံပုလွေမျိုးနွယ်၏ နယ်မြေ
"မင်းပြောတာမှန်တယ်" နှင်းဝံပုလွေဘုရင်က ပြောလိုက်သည် "အရင်က လူတွေဝင်လာရင် သူတို့ စာချုပ်မိစ္ဆာတွေနဲ့ ငါတို့တိုက်ရတယ်၊ ဒါပေမဲ့ ငါတို့စွမ်းအားတွေက သူတို့ထက်ကောင်းတယ်"
"လူတွေဝင်လာဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ" ဝေကျိရွှီ မေးလိုက်သည်။
"ငါမေ့တောင်နေပြီ တော်တော်ကြာပြီ" နှင်းဝံပုလွေဘုရင် ပြောလိုက်သည် "ငါတို့အဆင့်တက်ဖို့ ကြာ ပေမယ့် ငါတို့ခန္ဓာကိုယ်ထဲက အားနဲ့ စွမ်းအားတွေက တခြားဝိဥာဉ်မိစ္ဆာတွေထက် ပိုကောင်းတယ်"
"ဒါဆိုရင် မင်းက အံ့ဖွယ်မိစ္ဆာအဆင့်ရောကနေပြီပဲ၊ အထွတ်အထိပ်မိစ္ဆာအဖြစ် အဆင့်မတက်ဘူး ဆိုတော့ ဘယ်လိုဖြစ်တာလဲ" ရှီမာယူယူ မေးလိုက်သည်။
"င့ါ ကိုယ်ထဲက စွမ်းအားတွေ တိုးလာတာ ခံစားလို့ရတယ်၊ ဒါပေမဲ့ ငါ အဆင့်တက်မှာမဟုတ်ဘူး၊ အဲလိုနဲ့ ငါကတော့ တခြားဝိဥာဉ်မိစ္ဆာတွေလိုပဲ တစ်သက်လုံးနေသွားရမှာပဲ၊ တိုက်ပွဲမှာ မသေရင် အသက်ကြီးပြီး သေမှာ ပဲ" နှင်းဝံပုလွေဘုရင်သည် အေးဆေးတည်ငြိမ်စွာ ပြောလေသည်။
"ထွက်သွားဖို့ ရောစဉ်းစာဖူးလား၊ ဒီနေရာရဲ့ စည်းမျဉ်းတွေက အထွတ်အထိပ်မိစ္ဆာဖြစ်ဖို့ ဒါမှမဟုတ် အဆင့် တက်ဖို့ကို ကန့်သတ်ထားတာမလား" ဝေကျိရွှီ ပြောလိုက်သည်။
"အဲလိုတော့မဟုတ်ဘူး" နှင်းဝံပုလွေပြောလိုက်သည် "ငါ့ဘိုးဘေးတွေက ပြောဖူးတယ်၊ လူတွေဝင်လာ တဲ့အချိန်မှာ ငါတို့ ထွက်သွားဖို့ စဉ်းစားသင့်တယ်တဲ့၊ ဒါပေမဲ့ အချိန်တိုင်းမှာ လူတွေသာ မျက်စိရှေ့ ကနေ ပျောက်သွားတယ် ငါတို့က ထွက်သွားရမယ့် လမ်းကို ရှာမတွေ့ခဲ့ဘူး"
"ဥပဒေတွေ ကန့်သတ်ထားလို့များလား" ဝူရန်ဖေ မေးလိုက်သည်။
"ငါလည်း အဲလိုထင်တယ်" နှင်းဝံပုလွေသည် သက်ပြင်းချလိုက်သည်။
"မင်းတို့ထွက်သွားလို့ရမယ်ဆိုရင် ဘာလုပ်ချင်လဲ"
"အဲလိုထွက်သွားရဖို့ လူသားနဲ့ စာချုပ်ချုပ်ရမယ်ဆိုရင် ငါ ဒီမှာပဲ တစ်သက်လုံးနေသွားတော့မယ်" နှင်းဝံပုလွေသည် ပြတ်သားစွာ ပြောလေသည်။ လူသားနှင့် စာချုပ်ချုပ်၍ ထွက်သွားခဲ့သည်ကို သူ မြင်ဖူးခဲ့သည်။ သူသာ ထိုကဲ့သို့ လုပ်ခဲ့ပါက သူဆိုသည်မှာ ကျန်တော့မည်မဟုတ်ပေ။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3
Historical FictionBook-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...