အပိုင်း (၄၆၈) - ဆွေးနွေးခြင်း

2.6K 296 0
                                    

Zawgyi


"တောင်ပံလေးခုဂဠုန်မျိုးနွယ်ရဲ့ သခင်လေးနဲ့ စစ်သူကြီး လုံရိ တို့တို့ကို ဝင်ခိုင်းလိုက်ပါ" လျှန်ဂျူသည် မှင်တက်နေသေး သော်လည်း သူ၏ တုန့်ပြန်မှုမှာ မြန်သည်။

"ဟုတ်ကဲ့ပါ" အစောင့်များသည် ထွက်သွားပြီး သူတို့နှစ်ယောက်ကို ဝင်ခိုင်းလေသည်။

လျှန်ဂျူသည် ရှီမာယူယူအား မြင်သောအခါ အံ့အားသင့်စွာ အော်လိုက်လေသည် "အဲဒါ ခင်ဗျားလား"

ရှီမာယူယူ ပြုံးပြီး လက်အုပ်ချီနှုတ်ဆက်ကာ ပြောလေသည် "ဒီနှစ်ရက်အတွင်းကို တည်းခိုခွင့်ပေးလို့ မျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

"အဲတော့ ခင်ဗျားက တောင်ပံလေးခုဂဠုန်ရဲ့ သခင်လေးပေါ့ တကယ်ကို အံ့သြစရာပဲ" လျှန်ဂျူသည် လက်ကိုဝေ့ရမ်းလိုက်သည် "သခင်လေးရှီမာ စစ်သူကြီး ထိုင်ပါ"

ရှီမာယူယူနှင့် စစ်သူကြီးလုံရိတို့သည် ဘေးသို့လျှောက်လာကာ ထိုင်လေသည်။

"နာမည်ကြီး တောင်ပံလေးခုဂဠုန်မျိုးနွယ်ကို တွေ့ရတာကိုက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ဒီနေ့ လို စစ်သူကြီးလုံရိကိုတွေ့ရတာတော့ ကျွန်တော်ကံကောင်းတာပေါ့"

ဂဠုန်လုံရိသည် ခေါင်းညိမ့်ကာ ညင်သာစွာပြောလေသည် "မျိုးနွယ်ခေါင်းဆောင်က ကြင်နာလွန်းနေ ပါပြီ"

လုံရိသည် ပုံမှန်အားဖြင့် တည်ငြိမ်ကာ အေးစက်သောအမျိုးသားတစ်ယောက် ပုံစံဖြစ်လေသည်။ တောင်ပံလေးခုဂဠုန်၏ ရောင်ဝါကိုထပ်ပေါင်းလိုက်သောအခါ ဘဝင်မြင့်သည့်ပုံစံဖြစ်သွားလေသည်။

လျှန်ဂျူသည် လုံရိ၏ အကျင့်အစရိုက်အား စိတ်မဆိုးပေ။ တောင်ပံလေးခုဂဠုန်များသည် အထက်စီး ဆန်ကြသည်ကို အားလုံးသိကြသည်။

"စစ်သူကြီးလုံရိက ကျွန်တော့်ကို ဘာလို့ရှာတာလဲဆိုတာ မေးပါရစေ"

လုံရိသည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် "ကျွန်တော့်ကို သခင်လေးကို ကာကွယ်ဖို့ အမိန့် ပေးထားလို့ပါ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now