အပိုင်း (၄၇၇) - စည်းမျဉ်းနောက်တစ်ခုပေါ်လာခြင်း

2.6K 309 7
                                    

Zawgyi


ရှီမာယူယူနှင့်အဖွဲ့သည် တည်းခိုဆောင်တွင် ရက်အနည်းငယ်နေသော်လည်း သူတို့အား ပြဿနာလာ ရှာမည့်သူမရှိပေ။ သူတို့သည် ထိုပြဿနာအား တဖြည်းဖြည်းမေ့သွားကာ ဖြတ်လမ်းတည်ဆောက်မှုအသုံးပြုနုငိ မည့်နေ့ကို စောင့်နေကြလေသည်။

ထိုနေ့တွင် သူတို့သည် တည်းခိုဆောင် မြေညီထပ်တွင် လက်ဖက်ရည်သောက်နေရာ အံ့ဖွယ်အရှင် အဆင့်နှင့် အံ့ဖွယ်ဘုရင်အဆင့်တို့သည် လမ်းလျှောက်ဝင်လာလေသည်။

"သခင်လေးရှား ဒီနေ့ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ၊ သခင်လေးတို့ အခန်းငှားမလို့လား" စားပွဲထိုး သည် ရှေ့ထွက်ကာ အပြုံးဖြင့်ပြောလေသည်။

အဝါရောင်ဝတ်ထားသော အမျိုးသားသည် အထက်စီးဆန်စွာဖြင့် ပြောလိုက်သည် "ဒီသခင်ကြီးက ဒီိကို လာပြီးအခန်းငှားဖို့ အချိန်ရှိမနေဘူး ဒီနေ့ဒီကိုလာတာ လုပ်စရာရှိလို့"

"သခင်လေးရှား ဘာလိုအပ်တာများရှိလို့လဲ"

"ရှီမာယူယူ၊ ဘေဂုံထန်၊ ဝူရန်ဖေနဲ့ ရှီမာယူလင်းဆိုတဲ့လူတွေကို ခေါ်ပေး"

"သခင်ကြီးက သူတို့နဲ့ ကိစ္စများရှိလို့လား"

"ရှိတာပေါ့" အဝါရောင်ဝန်အမျိုးသားပြောလိုက်သည် "ငါ ရှားရှင်းရန်ရဲ့ ဂိုဏ်းတူတပည့်ကို ရိုက်ရဲတယ် ဟုတ်လား အဲလူက အသက်မရှင်ချင်တော့ဘူးထင်တယ် ဒီနေ့ ငါ့ညီမဝမ်းကွဲအတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ လာတာ မြန်မြန်သူတို့ကို သွားခေါ်လိုက် ငါ့ကို အကြာကြီးစောင့်ခိုင်းရင် ပေါက်ကွဲတော့မှာ"

ရှီမာယူယူနှင့် တခြားသူများသည် ထိုလူဝင်လာသည့် အစပိုင်းတွင် စိတ်ဝင်စားခြင်းမရှိပေ။ သို့သော် သူ ပြောသောစကားများကို ကြားသောအခါ သူတို့အားလုံးသည် မျက်ခုံးများပင့်လိုက်ကြသည်။

ရှားရင်ရင်ရဲ့ ဂိုဏ်းတူတပည့်လား။

သူတို့ ဒီရက်တွေကို ပြဿနာလာမရှာဘူးလို့ထင်နေတာ။ နောက်လိုက်တွေကို လွှတ်လိုက်တာလား။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now