အပိုင်း (၃၈၉) - ထူးဆန်းသော အနက်ရောင် တိမ်တိုက်

2.8K 297 0
                                    

Zawgyi

ပင်လယ်ပြင်တွင် မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်သည်မှာ သဘာဝဖြစ်သ်ာလည်း ဒီတိမ်တိုက် အမည်း သည်လည်း သာမာန်သာဖြစ်သည်။ သို့သော် ထိုအနက်ရောင်တိမ်တိုက်များကို သူမ ကြည့်လိုက်တိုင်းတွင် ထို တိမ်တိုက်များသည် ပင်လယ်မိစ္ဆာများနှင့် အတူလာသည်ဟု ခံစားမိသည်။

"အဲဒီတိမ်တိုက်က ထူးဆန်းတယ်" သူမ ပြောလိုက်သည်။

တခြားသူများသည် တိမ်တိုက်ကို လှည့်ကြည့်သော်လည်း ဘာမှ မခံစားရပေ။

"သူတို့ ရောက်လာကြပြီ"

ထိုတိမ်တိုက်များကို အဖြေရှာမရခင်တွင် ဝေလငါးများသည် သူတို့နားရောက်လာသည်။ သူတို့သည် ဒွိဟ ဖြစ်ခြင်းများကို ဘေးချိတ်ကာ မြို့တံတိုင်းတစ်လျှောက် တိုက်ခိုက်ကြသည်။

"ငါ မြင်တာ ဟုတ်ရောဟုတ်ရဲ့လား၊ သူတို့က စံတင်ဝိဥာဉ်တွေလား"

"သေစမ်း တကယ်ပဲဟ"

"သူတို့အားလုံး စံတင်ဝိဥာဉ်တွေပဲ"

"သူတို့ အသက်ဘယ်လောက် ရှိသေးလို့လဲ"

"ဘုရားရေ မယုံနိုင်စရာပဲ"

"အားလုံး ကိုယ့်တိုက်ပွဲကိုယ် အာရုံစိုက်ကြ ဝေလငါးတွေ အစားခံနေရမယ်"

တစ်စုံတစ်ယောက်သည် သူတို့အား သတိပေးလိုက်မှပင် အကြည့်များကို ပြန်ရုတ်သိမ်းပြီး ပြန် တိုက်ခိုက်ကြသည်။ သို့သော် သူတို့အကြည့်များသည် တစ်ခါတစ်ရံ ရှီမာယူယူနှင့် တခြားသူများဆီသို့ ရောက်ရောက်သွားကြသည်။

ရှီမာယူယူနှင့် အဖွဲ့သည် စံတင်ဝိဥာဉ်များဖြစ်သည်မှန်သော်လည်း တစ်ဖက်မှာလည်း အဆင့် ၅အထက် ရှိသော အံ့ဖွယ်မိစ္ဆာအုပ်ဖြစ်သည်။ သူတို့သည် သူတို့ စာချုပ်မိစ္ဆာများကို ခေါ်ရတော့သည်။

ယွန်ရိသည် အစကတည်းက လှုပ်ရှားခြင်းမရှိပေ။ အားလုံးသည် ရပ်နေကြသော်လည်း ဝေလငါးများ သည် သူ့အား လာရောက်တိုက်ခိုက်ခြင်းမရှိပေ။ သူသည် လုံးဝ မရှိသည့်အတိုင်းပင်။

သူတို့သည် သန်မာကြသော်လည်း အသေအပျောက်တော့ ရှိဆဲပင်။ ရှီမာယူယူသည် ထိုတိမ်တိုက် အမည်းဆီသို့ လူတစ်ယောက်ပျံတက်သွားသည်ကို မြင်လိုက်ရသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now