အပိုင်း (၅၂၂) - ဒဏ္ဍာရီထဲမှ ထာဝရတည်မြဲခြင်း

5.1K 322 6
                                    

Zawgyi

အပိုင်း (၅၂၂) – ဒဏ္ဍာရီထဲမှ ထာဝရတည်မြဲခြင်း

ရွှန်းယွမ်ဆိုင်မျှော်လင့်ထားသည့်အတိုင်း ဘုရင်ကြီးရှင်းဒေါင်၏ လက်နက်ကို စျေးပြိုင်ချင်သည့်သူ မရှိ ပေ။ ဒီလိုပစ္စည်းများအတွက် စျေးပြိုင်ပေးရမှာမဟုတ်ဘူးလား။

ဂျွန်ကျောင်းပြောသလိုပင် ထိုပစ္စည်းသည် မထင်မှတ်ထားသော အရာများပြန်ပေးနိုင် သည်။

သို့သော် အားလုံးသည် သူ့အတွေးနှင့်မတူကြပေ။ ဘုရင်ကြီးရှင်းဒေါင်သည် ကျော်ကြားပြီးနောက်တွင် ကောင်းကင်ဘုံလှံတံကို အသုံးပြုသည်မှာ ရှားသည်။ သူသည် ပိုအားကောင်းသော လက်နက်ကိုသာ သုံးခဲ့ သည်။ သည်လိုနှင့် ကောင်းကင်ဘုံလက်နက်ကို အသုံးပြုဖူးသည့်လူမရှိပေ။ သူ့ဘဝနောက်ပိုင်းတွင် အသုံးပြုခဲ့သော လက်နက်မှာ ပို၍ အဓိပ္ပာယ်ရှိသည်။ ထို့အပြင် ထိုပစ္စည်းသည် အပိုင်းအစမျှသာဖြစ်၍ အသုံးပြု၍ပင် မရပေ။ ဝယ်သွားလျှင်တောင် အလှပြရုံသာဖြစ်မည်။

အားလုံးသည် နောက်မှလာမည့် ပစ္စည်းများကို လိုချင်သည်ဖြစ်သဖြင့် ပိုက်ဆံချန်ထား ရန် ထိုပစ္စည်း အတွက် စျေးမခေါ်ကြပေ။ ရှေ့ပိုင်းတွင် ပိုက်ဆံသုံးလိုက်ရပြီး နောက်လေလံများ အတွက် ပိုက်ဆံမလောက် တော့မည်ကို အားလုံးက စိုးရိမ်နေကြသည်။

"၂၁၀၀၀" မည်သူမှ စျေးမပြိုင်သည်ကို တွေ့သောအခါ ရှီမာယူယူသည် အရင်အော်ကြည့်သည်။ သူမ ဦးဆောင်သည့်နောက်တွင် တခြားလူများလည်လည်း စျေးခေါ် ကြသည်။

သို့သော် ထိုလူများသည် အပျော်အနေနှင့်သာ စျေးခေါ်ကြခြင်းဖြစ်သည်။ သူတို့သည် စျေးပြိုင်ရာတွင် စိတ်ဝင်စားမှုမရှိကြပေ။ သည်လိုနှင့် သူမသည် ထိုပစ္စည်းကို အလယ်အလတ် ကျောက် ၁သိန်းဖြင့်ရလိုက်လေ သည်။

လျင်မြန်စွာပင် ကောင်းကင်ဘုံလှံတံကို သူမ၏ သီးသန့်အခန်းသို့ လာပို့လေသည်။ သူမသည် ဖန်ကတ် ကို ထုတ်ပေးကာ အလယ်အလတ်ကျောက် ၁သိန်းကို ပြန်အမ်းငွေ ယူလိုက်သည်။ အစေခံမိန်းကလေးထွက်သွား သည်နှင့် သူမသည် အံ့ဖွယ်လက်နက်ပေါ်တွင် ဖုံးထားသော အဝတ်ကို ဖယ်လိုက်သည်။

🎉 You've finished reading အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3 🎉
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now