အပိုင်း (၄၂၃) - အလင်းမိုးကြိုး

2.9K 328 0
                                    

Zawgyi


ခွမ်း... ရေပုံးတစ်ပုံးစာလောက် အထူရှိသော လျှပ်စီးအလင်းတန်းသည် မြေပေါ်သို့ ကျရောက်လာရာ မှင်ရည် မြို့တော်တစ်ခုလုံး လှုပ်ခတ်သွားရာ လူများသည် မြို့အစွန်ကို ကြည့်လိုက်ကြသည်။

"အဲဒါ အထွတ်အထိပ်မိစ္ဆာအသွင်ပြောင်းတာလား"

"သက်ရောက်မှု ကြီးမားလိုက်တာ၊ သဘာဝအတိုင်း ပေါ်လာတာတော့ မဟုတ်နိုင်ဘူး"

"ဟိုမှာ ဘေးသင့်စေတဲ့ တိမ်တိုက်ပဲ" တစ်စုံတစ်ယောက်သည် လာနေသော အမည်းရောင် တိမ်တိုက် မှာ သာမာန်မဟုတ်သည်ကို သတိထားမိသည်။

"အဲဒါက အထွတ်အထိပ်မိစ္ဆာကို အသွင်ပြောင်းစေတဲ့ဟာလား"

"အထွတ်အထိပ်မိစ္ဆာ အသွင်ပြောင်းတာ ငါတစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ ဒါက ဘေးသင့်စေတဲ့ တိမ်တိုက် နဲ့ လုံးဝကွဲနေသလိုပဲ"

"မဟုတ်ရင် အဲဒီတိမ်တိုက်က ဘာဖြစ်နိုင်မှာလဲ... အလင်းတန်းကို မြင်လိုက်တယ်မလား၊ ရေပုံးထက် တောင် ထူသေးတယ်"

"လျှပ်စီး အလင်းတန်းတစ်ခုပဲရှိပါသေးတယ် ငါတို့ ဆက်ကြည့်ရင် သိမှာပဲ" ပထမဆုံး လျှပ်စီး အလင်းတန်းကျရောက်ချိန်တွင် မည်သူမှ အာရုံစိုက်မနေပေ။ အားလုံး၏ အာရုံစိုက်မိချိန်တွင် တောင်တန်းကို သာ မြင်ရကာ မိုးကြိုး၏ ပစ်မှတ်ကို မမြင်ရပေ။

ထိုအချိန်တွင် ရှီမာယူယူသည် တောင်ကြားတွင် ရှိနေကာ ဒေါသကြောင့် အံကြိတ်ထားလေသည်။ အံဖွယ်အဆင့်သို့ တက်သောအခါ မိုးကြိုးရှိလာမည်ဟု သူမကို ဘာလို့ ဘယ်သူမှမပြောခဲ့တာလဲ။ သူမသည် အခုမှပင် အဆင့်တက်ကာ ဂုဏ်ပြုမလိုပင်ရှိသေးသည်... အမည်းရောင်တိမ်တိုက်သည် သူမခေါင်းအပေါ် ရောက်လာကာ လျှပ်စီးများဖြင့် ပြေးလာကာ သူမ နှလုံးသားသို့ ပစ်ခွင်းလိုက်သည်။

ခွမ်း...

လူတစ်ယောက်သည် အဆင့်တက်မည်ဆိုလျှင် မငြိမ်သက်မှုများဖြစ်မည်ကို သူမ သိသည်။ သို့သော် ဘယ်သူမှ မိုးကြီးနှင့် လျှပ်စီးအကြောင်းကို မပြောခဲ့ပေ။ သူမကျမှ ဘာကြောင့်ဖြစ်နေရတာလဲ။ သူမသည် ဝိဥာဉ် မိစ္ဆာ အသွင်ပြောင်းတာလည်း မဟုတ်ပဲနဲ့၊ သူမသည် အကြောင်းအရင်းကို မသိသော်လည်း ဝိဥာဉ်စေတီအတွင်း မှ လူများကို ခေါ်ထုတ်ရန် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူတို့သည် ဝိဥာဉ်စေတီအတွင်း ပိတ် မိသွားနိုင်သည်။ ဝေကျိရွှီနှင့် တခြားသူများ ထွက်လာသောအခါ ကြီးမားသော တိမ်တိုက်များကို မြင်လိုက်သည် နှင့် တုန်လှုပ်သွားကြလေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Donde viven las historias. Descúbrelo ahora