Episode(2)

1.2K 180 1
                                    

Unicode

စစ်ပွဲအတွင်းသေဆုံးရခြင်းသည် ကြောက်ရွံ့စရာမဟုတ်

"တစ်!" "ဟိုး!"

"နှစ်!" "ဟာ့!"

"တစ်!" "ဟိုး!"

"နှစ်!" "ဟာ့!"

နေရောင်ဖျော့ဖျော့ စတင်ထွက်ပြူလာချိန်တွင် ကွင်းပြင်ထဲရှိစစ်ရေးလေ့ကျင့်ခြင်းလုပ်ငန်းစဉ်မှာ စတင်လို့နေခဲ့ပြီ။လင်ဝမ်ရွဲ့၏ လက်နှစ်ဖက်တွင်လှံတံကိုကိုင်ထားပြီး ကြွေးကြော်သံစည်းချက်အလိုက် ခွန်အားအပြည့်ပါသော တိကျပိုင်နိုင်လှသည့်ကိုယ်ဟန်ဖြင့် လိုက်ပါလှုပ်ရှားနေခဲ့သည်။

ဤလွယ်ကူရိုးရှင်းသယောင် ပုံပေါ်နေသည့်ကစားကွက်လေးများသည် သူမကိုအသက်ရှင်ကျန်ရစ်စေနိုင်မည့် အခြေခံအထောက်အကူများဖြစ်ကြောင်း လင်ဝမ်ရွဲ့မှရှင်းလင်းပြတ်သားစွာနားလည်လို့ထား၏။

သူမသည် ဝါရင့်စစ်သည်တစ်ယောက်အနေနှင့် စစ်တပ်အတွင်း နှစ်နှစ်ခန့်တာဝန်ထမ်းခဲ့ပြီးဖြစ်သည်။ အတူတကွစစ်မှုထမ်းခဲ့သော ရဲဘော်တို့တွင် ကျဆုံးသွားကြသူများရှိသလို ဝူကျောင်[1]အဆင့်သို့ ရာထူးတိုးသွားကြသူများလည်းရှိပြီး အချို့မှာတော့ မြင်းတပ်ကဲ့သို့သော အရေးပါသည့်တပ်ဖွဲ့များဆီသို့ကူးပြောင်းသွားကြသည်လည်းရှိ၏။သူမတစ်ဦးတည်းကသာ ကျဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်သည့် နဂိုခြေလျင်တပ်ရင်းတွင် ကျန်ရှိနေခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ဒါကိုသိပ်အာရုံမထားခဲ့ပေ။စစ်တပ်စခန်းတွင်နေထိုင်သောအမျိုးသမီးတစ်ယောက်အနေနှင့် ရာထူးတိုးခြင်း၊ငွေကြေးကြွယ်ဝလာခြင်း နှစ်ခုစလုံးမှာ သူမအတွက်အန္တရာယ်များလှသည်။အစကတော့ အနည်းဆုံး ဟန်လူမျိုး တစ်ရာရှစ်ဆယ့်တစ်ယောက်ကိုသတ်၍ လက်စားချေချင်သည့် ဆန္ဒတစ်ခုသာရှိခဲ့ပြီး နောက်ပိုင်းတွင် အငြိမ်းစားယူကာ သူမ၏လက်ကျန်ဘဝလေးကို ရွာငယ်တစ်ခု၌ သမရိုးကျကုန်ဆုံးသွားဖို့ သို့မဟုတ် စစ်ပွဲအတွင်း တိုက်ခိုက်ရင်းသေဆုံးသွားဖို့ကို မျှော်လင့်ခဲ့တာဖြစ်သည်။ အမှန်တကယ်က လင်ဝမ်ရွဲ့တစ်ယောက်စစ်တပ်အတွင်းဝင်ရောက်ခဲ့သည့်အချိန်ကစ၍ဒုတိယအချက်ကိုရွေးချယ်ခဲ့ပြီးဖြစ်၏။ဤနေရာမှ အသက်ရှင်လျက်ပြန်ထွက်သွားဖို့ အစီအစဉ် သူမတွင်မရှိခဲ့ပါ။သို့ရာတွင် လင်ဝမ်ရွဲ့သည်တိုက်ပွဲတစ်ခုမစခင်အချိန်တိုင်း သူသတ်မှတ်ထားသောပန်းတိုင်သို့မရောက်သေးမှီ အထိရှင်သန်ကျန်ရစ်ဖို့ကြိုးစားရမည်ဟူသော အချက်ကို သူမကိုယ်သူမ ပြန်လည်သတိပေးမြဲဖြစ်၏။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now