Episode(7)

979 160 1
                                    


မခရိပ်ထင် ပန်းပွင့်လျှင်၊ တစ်ရွာပေါ်အံ့။

[1]

ဟန်တို့နှင့်တိုက်ပွဲငယ်လေးဖြစ်ပွားပြီးသည်မှာ ရက်အတော်တန်ကြာခဲ့ပြီဖြစ်သလို ဗိုလ်ချုပ်ကြီးလီမု၏ စစ်စခန်းတစ်ခုလုံး အချိန်တစ်ခုအထိတိတ်ဆိတ်စွာအနားယူနေကြလေသည်။

သို့ရာတွင် ဝီရိယအပြည့်နှင့်လူရည်ချွန်ကလေး လင်ဝမ်ရွဲ့မှာတော့ပေါင်ရှိဓားဒဏ်ရာနှင့်အတူ တစ်ချိန်လုံးပျောက်နေခဲ့လေ၏။

သည်အကြောင်းကိုဆက်ရပါလျှင် လင်ဝမ်ရွဲ့မှာဤခြေလျင်တပ်ရင်းတစ်ခုလုံး၏တမူထူးသောလူတစ်ယောက်ဖြစ်၏။နှစ်နှစ်တာကာလတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းရှင်ကျန်ရစ်ခဲ့ပြီး ရာထူးတိုးပေးခြင်းမခံရသည့် တပ်ရင်းတစ်ခုလုံးရှိတစ်ဦးတည်းသောပုဂ္ဂိုလ် ဟုပင်ပြောလို့ရပေမည်။ဤကဲ့သို့သေနှုန်းမြင့်သည့်နေရာတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီးနှစ်နှစ်အတွင်း ရာထူးတိုးခြင်း၊နေရာပြောင်းခြင်းတို့မရှိသည့်ထိုတစ်စုံတစ်ယောက်အား ၄င်းတို့ခြေလျင်တပ်၏စစ်ပြန်တစ်ယောက်အဖြစ် သေချာပေါက်ကိုသတ်မှတ်ကြမှာဖြစ်သည်။လင်ဝမ်ရွဲ့၏ သူ့ကိုယ်သူစောင့်စည်းပုံနှင့် လူဝင်မဆံ့မှုများပါထည့်ပေါင်းလိုက်တော့ လင်ယွီကလွဲ၍ သူ့တွင်သူငယ်ချင်းတစ်ယောက်မှမရှိသည်မှာအမှန်ပင်။သို့ပေမယ့် ဒီအချက်သည် လင်ဝမ်ရွဲ့အပေါ်အခြားတပ်သားတို့မှမလေးစားသည့်သဘောရှိသည်ဟုမဆိုလို။ဒီခြေလျင်တပ်တွင်ရှိသော စစ်သည်တို့အကြားဆက်ဆံရေးမှာ ဖြူစင်ရိုးသားလှသည်။လင်ဝမ်ရွဲ့၏ အလုပ်ကြိုးစားပုံနှင့် တိုက်ပွဲအတွင်း ရဲစွမ်းသတ္တိရှိပုံတို့မှာ အများအမြင်တွင်ရှင်းလင်းနေ၏။ထို့ကြောင့်ပင် သူမခြေထောက်ဒဏ်ရာရသည့်အခါ နေ့စဉ်စစ်ရေးလေ့ကျင့်မှုအားပျက်ကွက်သည့်အပေါ် တပ်စုခေါင်းဆောင်မှအရေးယူတာမျိုးမလုပ်ခဲ့ပေ။

အဲ့ဒီ့အစား လင်ယွီမှာတော့စိုးရိမ်ပူပန်မှုအပြည့်နှင့် ပြာယာခတ်နေ၏။လင်ဝမ်ရွဲ့ ဘယ်လိုလူမျိုးလည်းဆိုတာ သူကတော့ကောင်းကောင်းသိသည်လေ။သူမှတ်မိသလောက်ဆို တစ်ခါကဟန်စစ်မြင်းနဲ့တိုက်လို့ လင်ဝမ်ရွဲ့လက်မောင်းကျိုးသွားခဲ့သေးသည်။အဲ့လိုပုံစံကြီးနဲ့ သူ့မှာနာကျင်နေတာကိုတောင့်ခံရင်း စစ်ရေးလေ့ကျင့်ခန်းတွေဝင်လုပ်နေခဲ့သေးတာ...

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now