Episode(34)

1.2K 172 26
                                    


လောကဝင်္ကပါအတွင်းသို့ စိတ်လိုလက်ရဝင်ရောက်ခြင်း

"ဝင်ခဲ့"

လီမု၏ခွင့်ပြုသံကိုကြားလိုက်ရသည်နှင့် လင်ဝမ်ရွဲ့ တဲအတွင်းသို့ဝင်သွားလိုက်၏။လီမုသည် စားပွဲရှေ့တွင်မတ်မတ်ထိုင်နေရင်း လက်ထဲမှမှတ်တမ်းစာအုပ်ကို ဖတ်ရှုလျက်ရှိသည်။

"မင်းရဲ့ ဒဏ်ရာတွေ အတော်သက်သာနေပြီဆို?"

"ဟုတ်ပါတယ်။တပ်မှူးလင်နဲ့ ကျွန်တော်မျိုးတို့ကို ကယ်ဆယ်ကုသပေးခဲ့တဲ့အပြင် အမျိုးသမီးသမားတော်တွေပါပို့လွှတ်ပြီး အမြဲဂရုတစိုက်ကြည့်ရှုပေးတဲ့ မင်းသမီးရဲ့ကျေးဇူးတော်တွေကြောင့်သာ ဒီလိုအမြန်ဆုံးသက်သာ ပျောက်ကင်းလာခဲ့တာပါ"

လင်ဝမ်ရွဲ့၏တင်လျှောက်သံကို ကြားလိုက်ပြီးနောက် လီမုသည်လက်တွင်းမှစာအုပ်ကိုချကာ ခေါင်းမော့၍လင်ဝမ်ရွဲ့အား အတန်ကြာသည်အထိစိုက်ကြည့်နေလေသည်။

လီမု၏စေ့စေ့စပ်စပ်ကြည့်ရှုနေမှုကြောင့် လင်ဝမ်ရွဲ့ခမျာ မနေတတ်မထိုင်တတ်ဖြစ်ရချေသည်။ကျောတွင်ဇောချွေးတို့စိမ့်ကာ လက်သီးကို မသိမသာဆုပ်လိုက်ပြီး ကျောကိုမတ်လျက် သူ့ကိုယ်သူ လီမုမှအကဲဖြတ်နိုင်စေရန် ဟန်ပြင်လိုက်သည်။

လီမုသည် လင်ဝမ်ရွဲ့အားကြည့်ရင်း တုံဏှိဘာဝေနှင့်မေးလာခဲ့၏။

"ဒီကို ဘာကိစ္စရှိလို့ရောက်လာတာလဲ?"

"စစ်ဦးစီးချုပ်ကို ဖြေကြားပါတယ်။ရက်အနည်းငယ်အကြာမှာ မင်းသမီးကမြို့တော်ကိုပြန်သွားတော့မှာဖြစ်ပြီး အတူလိုက်ပါလာတဲ့ ကိုယ်ရံတော်တွေအားလုံး တိုက်ပွဲမှာပါဝင်ထမ်းဆောင်ရင်းကျဆုံးသွားပြီလို့ ဒီငယ်သားကြားသိရပါတယ်။မင်းသမီး မြို့တော်ကိုပြန်လည်ထွက်ခွာတဲ့ခရီးလမ်းတစ်လျှောက် ကျွန်တော်မျိုးကိုယ်တိုင် အဖွဲ့ခေါင်းဆောင်အဖြစ်လိုက်ပါစောင့်ကြပ်ပေးဖို့ ဆန္ဒရှိပါတယ်..ဒါမှသာ မင်းသမီးဆီမှာတင်ထားတဲ့ အသက်ကြွေးကို ပြန်ဆပ်နိုင်တော့မှာပါ"

ထိုသို့လျှောက်တင်လိုက်ရင်း လင်ဝမ်ရွဲ့သည် တုန်ရင်နေသည့်နှလုံးသားလေးဖြင့် လီမုအားစိုက်ကြည့်နေခဲ့၏။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now