Episode(37)

1K 167 31
                                    

ခြုံခိုတိုက်ခိုက်ခံရသည့် ထိုနေ့မှာပင် လျောက်ပတ်သည့်အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက် ခရီးသွားကုန်သည်တစ်စုက ထိုလမ်းမှဖြတ်သွားမိကြသည်။

ဟူကျိုးမြို့စားကိုယ်တိုင်ပါဝင်သည့် အစောင့်တပ်များ အခင်းဖြစ်ပွားရာသို့ရောက်ရှိချိန်တွင် သွေးချင်းချင်းရဲသည့်နှစ်ဆယ်သောအလောင်းတို့က လမ်းမပေါ်ဝယ် တစ်ခုနှင့်တစ်ခုထပ်လျက် ဖရိုဖရဲပြန့်ကျဲနေကြောင်း တွေ့မြင်ကြရ၏။ယွီဟွားဆုန်မြင်းမှာတော့ မျက်ခွံနှစ်ဖက်ပွင့်ဟလျက် သေဆုံးနေပြီး အလောင်းတို့နှင့် မလှမ်းမကမ်းတွင် တစ်စစီဖျက်ဆီးခံထားရသည့် ရထားလုံးတစ်ခုကိုတွေ့ရသည်။နောက်ထပ်မြင်းတစ်ကောင်မှာမူ ကျောတွင်ဓားမြှောင်စိုက်လျက်သားနှင့် ထိုအပျက်အစီးပုံရှေ့မှာတင် လဲကျသေဆုံးနေပြန်ပြီး သွေးတို့က မြေတွင် အိုင်ထွန်းမတတ်စီးကျနေခဲ့လေသည်။အစောင့်တို့မှာ လမ်းတစ်လျှောက်တွင် သွေးပျက်ထိတ်လန့်နေသော မြင်းသုံးကောင်မျှ နောက်ထပ်ရှာတွေ့ခဲ့ပြီး ၄င်းတို့အား ထိန်းသိမ်းကာ လာလမ်းအတိုင်းပြန်ခေါ်လာခဲ့ကြသည်။

"တစ်ယောက်တစ်လေများ တွေ့ခဲ့ကြသလား?"

ဟူကျိုးမြို့စားက ပြန်ရောက်လာသည့် တပ်သားများအနီးသို့ ဒယိမ်းဒယိုင်နှင့်လျှောက်လာလေသည်။

"ကျွန်တော်မျိုးတို့ သွေးလှန့်နေတဲ့ မြင်းသုံးကောင်ကိုပဲ တွေ့ခဲ့ရပါတယ် အရှင်။သူတို့ကို အခုလေးတင် ပြန်ခေါ်လာခဲ့တာပါ။ဒီကောင်တွေကလွဲရင် တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါဘူး"

အစောင့်တပ်သား၏ တင်ပြချက်ကိုကြားလိုက်ရပြီးနောက် ဟူကျိုးမြို့စား၏ခြေထောက်တို့မှာ ခွေယိုင်သွားပြီး မြေပေါ်သို့ ပုံခနဲကျသွားတော့၏။

"အရှင်..အရှင်! ဘာဖြစ်သွားသေးလဲ!"

"ရှာကြ... လူကုန်လွှတ်ပြီး သည်လမ်းတစ်လျှောက် နေရာစုံလိုက်ရှာကြစမ်း။သူတို့ကို တွေ့မှဖြစ်မယ်"

"နားလည်ပါပြီ!"

အစောင့်လည်း အလျင်စလို ပြန်ထွက်သွားရလေသည်။

ဟူကျိုးမြို့စားလည်း သွေးတို့ဖြင့်ခြောက်သွေ့ပြီးဖြစ်သောမြေကွက်ပေါ်သို့ သုန်မှုန်စွာစိုက်ကြည့်ရင်း ငိုချလိုက်၏။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now