Episode(30)

1.3K 182 24
                                    


မည်သူဖြစ်ကြောင်းဟူသည် သဲလွန်စတစ်ခုသာလိုသည်..

လီရှန်သည် အားရင်၏လျှောက်ထားချက်အားကြားသိရပြီးနောက် အတွေးနစ်လျက် နေရာမှာတင်အတန်ကြာ ရပ်နေမိလေသည်။ပြီးနောက် သူမကအားရင်ထံနှစ်လိုဖွယ်ပြုံးပြလိုက်ပြီး

"မင်း သူ့အပေါ်အတော်အလေးထားတာပဲ"

"မင်းသမီး! ဒီအစေခံ..ဒီအစေခံက သည်အတိုင်း..."

"မင်း တို့ကိုရှင်းပြနေစရာမလိုပါဘူးကွယ်။အမျိုးသားတွေ အိမ်ရာထောင်မှုပြုတယ်၊အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခံရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုပဲလေ။သူ့ဖက်ကလည်း မင်းအပေါ်စိတ်ရှိနေတယ်ဆိုရင် တို့မင်းကို နန်းတော်ကနေလျောလျောလျူလျူထွက်ခွင့်ပြုမှာပါ။အာ.. မင်းတို့နှစ်ယောက်အတွက် ကြိုးတစ်ထုံးလိုရစ်ပတ်နှောင်ဖွဲ့မိတဲ့ တစ်နေ့ရောက်တဲ့အခါ 'ဘယ်လောက်ပဲမိုင်ထောင်ချီကွာဝေးနေပါစေ ကြမ္မာရေစက်မှန်ရင် ဖူးစာကြိုးနီနဲ့ချည်နှောင်ထုံးဖွဲ့ခံရလိမ့်မယ်' ဆိုတဲ့ရှေးစကားအတိုင်း အံကိုက်ဖြစ်လာမှာပဲ"

လီရှန်သည် ဤသို့နှယ်ပြောဆိုရင်းဖြင့်အားရင်၏အမူအရာကို အကဲခတ်နေစဉ် သူမ၏မျက်နှာထားမှာရှိရင်းစွဲအတိုင်း သိမ်မွေ့နေဆဲဖြစ်လေသည်။

"မင်းသမီး!"

အားရင်သည် ဂနာမငြိမ်စွာရပ်နေရင်း မျက်နှာတစ်ခုလုံးနီမြန်းလာတော့သည်။

"ယွီဝမ် မင်းရဲ့ဆေးသေတ္တာကိုယူပြီး အားရင်နဲ့တို့နောက်က လိုက်ခဲ့ချည်"

"နားလည်ပါပြီ"

ဤသို့ဖြင့် လီရှန်သည် အားရင်နှင့်ယွီဝမ်ကိုခေါ်ကာ လင်ဝမ်ရွဲ့၏တဲဆီသို့ထွက်လာခဲ့လေသည်။

အားရင်မှလင်ဝမ်ရွဲ့၏ သတိလွတ်နေသည့်အခြေအနေအကြောင်း ရှင်းပြပြီးဖြစ်၍ သူတို့သုံးယောက်မှာလင်ဝမ်ရွဲ့၏တဲသို့ရောက်သည့်အခါ အသံတစ်ချက်ပင်မပြုတော့ပဲ အတွင်းသို့တန်းဝင်သွားတော့၏။

တဲအတွင်းသို့ရောက်သောအခါ လီရှန်က လင်ဝမ်ရွဲ့ထံသို့ငေးကြာင်ကြည့်မိသည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now