Episode(11)

921 162 0
                                    

တစ်သောင်းသော အရိုးစုတို့ကြေမွချိန်ဝယ် မော်ကွန်းတင်ကျန်ခဲ့သော အကြီးမှူး။

လီမု၏အမိန့်အောက်တွင် သက်ဆိုင်ရာတပ်ရင်းအသီးသီးတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအားရှင်းလင်းသန့်စင်ကြရပြီး တိတ်တဆိတ်ပင်အရှေ့သို့ဆက်လက်ချီတက်ရပြန်သည်။စခန်းချမည့်နေရာသို့ ညဥ့်မကူးမီ အမှီရောက်ရှိရမည်ဖြစ်၏။

လင်ဝမ်ရွဲ့သည် ဟန်၏ကိုယ်တွင်း၌စိုက်ဝင်လို့နေသည့်လှံအားဆွဲထုတ်လိုက်သည့်အခါ ထိုလူသေအလောင်းသည်မြေပြင်ပေါ်သို့လေးပင်စွာ ခွေလဲကျသွားလေသည်။လင်ဝမ်ရွဲ့သည် စေးကပ်နေသည့်လှံအားကိုင်လျက် အဆိုပါဟန်အလောင်းအားဘေးသို့ကန်ထုတ်လိုက်ပြီးနောက် သစ်ပင်ရှေ့တွင်သွားရပ်လိုက်သည်။သစ်ခေါက်များတွင် သွေးတို့နှင့်ရွှဲလို့နေပြီး လင်ဝမ်ရွဲ့မှာ လက်ကိုထုတ်၍ထိကိုင်ကြည့်လိုက်သည်။ဤသို့နက်ရှိုင်းကာ ဟောင်းလောင်းဖြစ်နေသည့်အပေါက်များအား သူ့လှံဖြင့်ထိုးစိုက်ခဲ့တာဖြစ်၏။

ထိုခဏတွင်းမှာပင် အကြောက်တရားတစ်စုံက လင်ဝမ်ရွဲ့ရင်ထဲ၌ပေါက်ဖွားလာခဲ့သည်။

လင်ယွီသာ ခြေတစ်လှမ်းနောက်ကျခဲ့ပါက သူမသေသွားလောက်ပြီ ဟူ၍...

ဤခံစားချက်မှာ စိတ်သက်သာရာရသလိုလို၊ မရသလိုလို ရောနှောနေသည့် မသက်မသာခံစားချက်ကြီးဖြစ်၏။စိတ်အေးရသည်ကတော့ သူမနောက်တစ်ကြိမ် သေလုဆဲဆဲအခြေနေမှရှောင်တိမ်းနိုင်လိုက်ပြီဖြစ်သည်။ စိတ်ထဲတွင်နောက်တစ်မျိုး အတွေးရောက်သည်က တကယ်လို့ အခုအခေါက်မှာ သူသေသွားခဲ့ရင်လည်း တစ်ခါတည်းအိမ်ကိုလျောလျောလျူလျူပြန်လို့ရသွားတာပေါ့ ဟူ၍ဖြစ်၏။

အဆိုပါအတွေးနှစ်မျိုးနှစ်စားမှာ လင်ဝမ်ရွဲ့ရင်ထဲတွင်လွန်ဆွဲလို့နေပြီး နေရာအစုံကနေသူမအားဆွဲတင်းထားသလိုခံစားရ၏။

"ဟေး ညီလေး! ငါက ဒုတိယအသုတ်က ဝမ်တာ့လီ ပဲ!"

လင်ဝမ်ရွဲ့သည် အတွေးလွန်နေရာမှ ပြန်သတိဝင်လာသည်။ထွားကြိုင်းသန်မာသည့်လူတစ်ယောက်က သူမနံဘေးတွင်ဘယ်တုန်းကတည်းကလာရပ်နေမှန်း လုံးဝသတိမထားမိခဲ့ပါချေ။ထိုသူသည် သူမတို့ခြေလျင်တပ်ရင်း၏ တပ်သားဝတ်စုံကိုဝတ်ဆင်ထားပြီး ၄င်းမှာအနည်းငယ်ဟောင်းနွမ်းနေပုံပေါ်သည်။သို့သော် အခြားအချက်တို့ထက်..ထိုသူ၏အဝတ်အစားများမှာလုံးဝကို သန့်ရှင်းလို့နေခြင်းဖြစ်၏။လက်ရှိတွင် သူက အံကြိတ်လျက် သူမအားစိုက်ကြည့်နေလေသည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now