Episode(32)

1.1K 153 14
                                    

လက်ခုပ်တွင်းက ဗျူဟာ

(TN: "ချီကျူ"ဆိုသည်ကား ဤဝတ္တုတွင်ပါဝင်သော လျှို့ဝှက်အရိပ်တပ်ဖွဲ့၏တရားဝင် အမည်နာမဖြစ်သည်။တိုက်ရိုက် ပြန်ဆိုရပါမူ 'တံခွန် ပိုင်ရှင်များ'ဟု အဓိပ္ပာယ်ရပါသည်။)

"ချင်းရန်"

အနက်ရောင်ဝတ်စုံပြည့်နှင့် ဒူးညွှတ်လျက်ရှိသောလူသည် သူမ၏အမည်ဟောင်းကိုရုတ်တရက်ကြားလိုက်ရသည့်အခါ တောင့်တင်းသွားသော်လည်း ခေါင်းကိုငုံ့မြဲငုံ့ထားရင်း ပြန်ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့"

"မင်းဟာ တို့အတွက် ဧကရီမယ်မယ်ချန်ထားရစ်ခဲ့တဲ့ချီကျူတစ်ယောက်ဖြစ်သလို တို့ အယုံကြည်ရဆုံးသူလည်းဖြစ်တယ်။လွန်ခဲ့တဲ့နှစ်များစွာကတည်းက ဧကရီမယ်တော်ဘေးမှာတစ်လျှောက်လုံး အတူရှိနေခဲ့ရတာဖြစ်လို့ မင်းကတို့ထက်ပိုပြီး အသိကြွယ်နေလိမ့်မယ်။အဲ့တာကြောင့် မင်းဆီက တို့သင်ယူရမှာတွေ အများကြီးရှိနေမှာပဲ"

"သည်ငယ်သားက ဒီလိုစကားတွေလက်ခံဖို့ မဝံ့ပါဘူးရှင်။ကျွန်တော်မျိုးမရဲ့ သိမ်နုတ်တဲ့ဘဝကို ဧကရီမယ်မယ်ကပေးသနားခဲ့တာပါ။အခုဧကရီလည်း သက်ရှိထင်ရှားမရှိတော့ဘူးဆိုတော့ သည်ငယ်သားကမင်းသမီးလေး နောက်တော်ပါးကနေ သက်ဆုံးတိုင်အမှုထမ်းပါတော့မယ်"

"ဒါဖြင့် မေးပါရစေအုန်း..အဲ့ဒီ့ လော့ရီဆိုတဲ့သူက ယုံကြည်လို့ရရဲ့လား?"

"မင်းသမီးကိုဖြေကြားရမယ်ဆိုရင်ဖြင့် ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်မျိုးမ မှတ်ချက်မပြုဝံ့ပါဘူး။ဒါပေမယ့် နှစ်ကာလတွေအကြာကြီးဖြတ်သန်းခဲ့ပြီးပြီပဲ လော့ရီအတွက်ဒီလိုဇာတ်လမ်းဟောင်းကြီးကိုသုံးပြီး မင်းသမီးအပေါ်လှည့်စားနေစရာမလိုလောက်ဘူးလို့ ကျွန်မတွေးမိတယ်။ဒါ့အပြင် အရင်တုန်းကဖြစ်ရပ်အပေါ် မင်းသမီးလည်းတစ်ခုခုတော့ အတွေးရှိမှာပဲ။သူ့ရဲ့ လှုပ်ရှားမှုအားလုံးကို အရှင့်သမီးတော်မျက်စိဒေါက်ထောက်ကြည့်နိုင်စေဖို့ဆိုပြီး ချီကျူဖြစ်တဲ့ ယုံးချင်ကိုပါသူမနဲ့အတူ ထည့်ပေးလိုက်ဖို့တောင် တိုက်တွန်းခဲ့သေးတယ်။အကယ်လို့ မင်းသမီးကသံသယရှိနေတုန်းပဲဆိုရင် ကျွန်မတို့တစ်ခဏလောက် ထပ်ပြီးတိတ်တဆိတ်စောင့်နေရင်းနဲ့ ယုံးချင်ကိုသေချာစောင့်ကြည့်ပေးထားဖို့ ပြောလိုက်ရမလား။အဲ့ဒီ့နောက်မှ ဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း အရမ်းတော့နောက်မကျနိုင်ပါဘူး"

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now