Episode(12)

1K 163 9
                                    


အစားထိုးခံလူတစ်ယောက်ဖြစ်လာရသည်မှာ သည်းခံရခက်လှ၏။

လင်ဝမ်ရွဲ့သည် လီမု၏စကားအားကြားလိုက်သည့်အခါ ကျောမတ်လျက်ဒူးထောက်နေရာမှ ထိတ်လန့်စွာဖြင့်ဦးနှိမ့်လိုက်သည်။

အပြစ်ပေးခံရနိုင်ချေရှိသည့် လင်ဝမ်ရွဲ့အားမြင်တော့ လင်ယွီသည်အကြောင်းရင်းသေချာပင်မသိပါပဲ တုံ့ဆိုင်းခြင်းမရှိ လိုက်၍ဒူးထောက်ချလိုက်တော့သည်။

လီမုသည် သူ့အရှေ့တွင် တုန်လှုပ်ခြောက်ခြားစွာနှင့် ဒူးထောက်နေကြသော လူငယ်လေးနှစ်ယောက်အားငေးကြည့်လိုက်သည်။အဆုံးတွင်တော့ သူလည်းသည်းမခံနိုင်စွာဖြင့် ဟက်ဟက်ပက်ပက်ပြုံးလိုက်မိလေ၏။အတိတ်တစ်ချိန်က လီမုတွင်လည်း သူ၏အကောင်းအဆိုးတို့ကို အတုံ့အဆိုင်းမရှိ အတူတကွကျော်ဖြတ်ပေးမည့် သည်လိုရဲဘော်ရဲဘက်ကောင်းများရှိခဲ့သည်လေ။လင်ယွီ၏တုံ့ပြန်မှုက လီမု၏နူးညံ့သောနှလုံးသားတစ်နေရာသို့ ထိခတ်နိုင်ခဲ့ပုံရ၏။

လီမုက လက်တစ်စုံကိုထုတ်ကာ မြေပြင်ပေါ်ရှိထိုနှစ်ယောက်အား ထူမစေခဲ့သည်။သူကပြုံးလျက်ပင် ဆို၏။

"ငါမှတ်မိသလောက်ဆို ထူးချွန်တပ်ရင်းမှူးအရည်အချင်းစစ်ပွဲကို ဖွင့်ပေးခဲ့သလားလို့..ပြီးတော့ အဲ့တာကနှစ်စတုန်လေးကြိုးကို ဆွဲပြရုံပဲလေ။ဘာလို့ မင်းရဲ့လျှောက်လွှာကို မမြင်ခဲ့တာပါလိမ့် လင်ဖေးရှင်း?"

လင်ဝမ်ရွဲ့သည် လီမု၏အရှေ့တွင် အမူအရာတစ်ချက် ပျက်မသွားရအောင် အပြင်းအထန်ချုပ်တည်းနေရတာဖြစ်ပြီး နှလုံးသားမှာလည်း အလွန်အမင်းခုန်လှုပ်နေခဲ့၏။လီမုမှသူမ၏ ပုံစံအမှန်ကို မတွေ့ရှိသွားကြောင်းသေချာသည့်အခါမှ သူ့ကိုယ်ပေါ်ရှိဝန်ထုပ်ဝန်ပိုးကြီးလျောကျသွားသလို သက်ပြင်းချလိုက်မိသည်။

လင်ဝမ်ရွဲ့သည် နောက်တစ်ကြိမ်ဒူးထောက်လိုက်ရင်း တိုးညှင်းလှသည့်အသံနှင့်

"ကျွန်တော်မျိုး ကိုယ့်အပြစ်ကိုယ် သိပါပြီ"

လီမုသည် လင်ဝမ်ရွဲ့အားနောက်တစ်ကြိမ် ပြန်ရပ်စေပြီး

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now