နည်းနိဿယမလိုသော စစ်မှန်သည့်လက်ရုံးရည်..ကျန်းစန်းပေါင်သည်လည်း အိုးတိုးအတလူမျိုး မဟုတ်ခဲ့ပေ။သူ၏အားထားချင်စဖွယ် ကိုယ်ကာယကိုအသာထား သူ့ရည်ရွယ်ချက်တို့ကပင် ဘွင်းဘွင်းရှင်းရှင်းရှိလှသည်။သူကနှစ်စတုန်လေးကို တင်နိုင်ခဲ့သော်လည်း ဝိုင်ခိုးသောက်သည့်အမှုကြောင့် အပြစ်ပေးခံခဲ့ရသည်။ဒီအချက်ကြောင့်ပင် တပ်ရင်းခေါင်းဆောင်နေရာ လျှောက်ထားဖို့အခွင့်အရေးနှင့်လွဲချော်ခဲ့ခြင်းဖြစ်လေသည်။ယခုလို လင်ဝမ်ရွဲ့၏အရည်အချင်းကိုမြင်တွေ့လိုက်ရချိန်တွင် သူ့ကိုယ်သူစိတ်ပျက်မိတော့သည်။
သို့သော် ဒီအခွင့်အရေးကိုသုံး၍သူ့ကိုယ်ပိုင်စွမ်းရည်တို့အား လင်ဝမ်ရွဲ့အရှေ့တွင် ပြသချင်နေဆဲပင်ဖြစ်သည်။လင်ဝမ်ရွဲ့မှာ ခြေလျင်တပ်ရင်းမှပြောင်းလာ၍ ယခင်က တပ်စုခေါင်းဆောင်ပင်မလုပ်ဖူးခဲ့ကြောင်းကို သူသိထား၏။ဆိုလိုသည်က လင်ဝမ်ရွဲ့တွင် ယခုအထိတိုင်လူယုံတစ်ယောက်မျှပင် ရှိလိမ့်အုန်းမယ်မဟုတ်ပေ။အကယ်၍ သူသာ သည်တပ်ရင်းခေါင်းဆောင်လေး၏ နှစ်သက်ခြင်းကိုခံရပါက သစ္စာခံလူယုံတစ်ဦးဖြစ်လာမည့် လမ်းကြောင်းသို့ပြောင်းနိုင်လိမ့်မည်။ထို့အပြင် လင်ဝမ်ရွဲ့သာ သူကောင်းမျိုးအဆင့်ထိမြင့်တက်သွားခဲ့မည်ဆိုလျှင် သူသည်လည်း အတူတကွကောင်းကင်သို့တက်နိုင်ပေလိမ့်မည်...
ကျန်းစန်းပေါင်သည် ကိုယ်ဟန်ကိုချဲကာ လက်တစ်ဖက်က လေးကိုမလိုက်ပြီးမြားတံကိုယူ၍ လေးတွင်တပ်ပြီးနောက်
သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။လက်ဖျံရှိကြွက်သားတို့မှာ တစ်ခါတည်းဖောင်းတက်လို့လာ၏။
လေးအနက်အား ဖြည်းညင်းစွာဆွဲတင်လိုက်သည်...
ကျန်းစန်းပေါင်သည် တစ်ခုခုထူးဆန်းနေသည်ဟုတွေးရင်း စိတ်ထဲမှချွေးပြန်လာသည်။သူ အရင်ကနှစ်စတုန်လေးအား ဆွဲတင်ဖူးခဲ့သော်လည်း ဤမျှလောက်အားမစိုက်ရပါ။သို့ဆိုလျင်တောင် ကျန်းစန်းပေါင်သည် လူအုပ်ကြီး၏မျှော်လင့်ချက်အား စိတ်မပျက်စေပဲ အနက်ရောင်လေးကို အပြည့်အဝဆွဲတင်နိုင်ခဲ့လေသည်။သို့သော်ငြား လင်ဝမ်ရွဲ့ကဲ့သို့ လွယ်လင့်တကူတင်နိုင်ခဲ့တာတော့မဟုတ်ချေ။သူ လေးကြိုးဆွဲသည့်နှုန်းမှာလည်း လင်ဝမ်ရွဲ့၏အရှိန်နှင့် အလွန်ပင်ကွာခြားလှသည်။သည်ပုံစံနှင့်ဆို အစစ်အမှန်တိုက်ပွဲတွင် သူဘယ်လိုမှပါဝင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
YOU ARE READING
အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်]
Historical FictionAvailable in Unicode & Zawgyi ✅ Author : 请君莫笑 Please Don't Laugh English Translator: melts Associated Names - FGEP 女将军和长公主 (Nǚ jiāngjūn hé zhǎng gōngzhǔ) Episodes - 168 Chapters + 15 Extras DISCLAIMER: I am only posting this for Myanmar Translation.