Episode(28)

1.1K 177 19
                                    

စီးဆင်းသော ရေအလျင်နှင့် သစ်တံခါးတို့သာ ကျန်ရစ်ခဲ့..

မန်နီတာ့နှင့်ကျန်းစန်းပေါင်တို့ထွက်ခွာသွားချိန်တွင် လင်ဝမ်ရွဲ့တစ်ယောက်မည်သို့သော အင်အားမျိုးဖြင့်သူမ၏ဒယီးဒယိုင်နှင့်ယိမ်းထိုးနေသည့်ခန္ဓာကို လိုက်ကာအနောက်ထိရောက်အောင်စီမံနိုင်ခဲ့သည်လဲ..သို့မဟုတ် သူမကိုယ်ပေါ်မှသွေးအလိမ်းလိမ်းနှင့် အညစ်အကြေးအထပ်လိုက်ကို စည်ပိုင်းအတွင်းမှလက်ကျန်ရေဖြင့် ဘယ်လိုဘယ်ပုံသန့်စင်ခဲ့သလဲ..ထိုသို့မဟုတ်လျှင် ဝတ်စုံအသစ်မလဲမီသူမ၏ရင်ဘတ်အားအဝတ်စဖြင့်အထပ်ထပ်စည်းနှောင်ရန် အချိန်မရွေးသတိလစ်သွားနိုင်သည့် သူ့ခန္ဓာကိုယ်အားမည်သို့တရွတ်တိုက်ဆွဲခေါ်ခဲ့သည်လဲ လင်ဝမ်ရွဲ့ကိုယ်တိုင်ပင်မသိတော့ပါလေ။

ထိုဝေယျာဝစ္စအလုပ်တို့ကိုဆောင်ရွက်နေချိန်တွင် လင်ဝမ်ရွဲ့၏ဦးနှောက်မှာအမှန်တကယ်ပင်အိပ်မောကျနေခဲ့သည်။ပြီးခဲ့သည့် လှုပ်ရှားသွားလာမှုအလုံးစုံမှာ သူမခန္ဓာကိုယ်မှသူ့ဟာသူ အလိုအလျောက်ပြီးမြောက်အောင်လုပ်ဆောင်သွားခြင်းသာဖြစ်၏။

အနှီလုပ်ငန်းဆောင်တာတို့အားအောင်မြင်စွာဆောင်ရွက်ပြီးသည်နှင့်တစ်ပြိုင်နက် လင်ဝမ်ရွဲ့သည်အိပ်ရာပေါ်သို့ဒိုင်ပင်ထိုးချကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

ယနေ့ကြုံတွေ့ခဲ့ရသည့်တိုက်ပွဲမှာ လင်ဝမ်ရွဲ့၏နှစ်နှစ်တာစစ်ပွဲအတွေ့အကြုံအရ အန္တရာယ်အများဆုံးတိုက်ပွဲဟုပင်ဆိုနိုင်သည်။အမှန်တွင် စစ်တလင်းသို့မဝင်ရောက်မီအချိန်အတွင်း သူမ၏လေးတင်ထားသောလက်မောင်းအား လုံလုံလောက်လောက်အနားပေးဖို့လိုအပ်ပေသည်။လေးအား အစွမ်းကုန်အင်တိုက်အားတိုက်ဆွဲတင်ခဲ့သည်ကို ထည့်တွက်လိုက်ပါလျှင် တံတိုင်းပေါ်မှလျောဆင်းသွားပြီးနောက် သူမတွေ့ကြုံရမည့်အခြေအနေမှာ တစ်ခါမှပင်ရင်ဆိုင်ဖူးခြင်းမရှိသည့်အဆင့်အထိပင်အန္တရာယ်ကြီးလှပေသည်။

၄င်းတို့ချီတက်သွားသည့်အခိုက်တွင် လင်ဝမ်ရွဲ့၏ဖောတောင်မှာလက်အတွင်းကနှစ်ကြိမ်နှစ်ခါပင်ချော်ထွက်သွားခဲ့သည််။လမ်းတစ်လျှောက်တွင် ကျန်းစန်းပေါင်နှင့် မန်နီတာ့တို့သာ သူ့နံဘေးမှလိုက်၍ကူညီမပေးခဲ့ပါလျှင် လင်ယွီအားကယ်တင်ဖို့မပြောနှင့် လင်ဝမ်ရွဲ့ကိုယ်တိုင်ပင် လမ်းတစ်ဝက်တင်ဇီဝိန်ချုပ်သွားပေလိမ့်မည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now