Episode(39)

751 134 17
                                    


ကြေးမုံသဖွယ် ကြည်လင်ပါသည့် ဧကဝက်ကန်ငယ်

လင်ဝမ်ရွဲ့မှ မြည်းရထားကို ရွာအပြင်ရောက်သည်အထိ ဆွဲလာပြီးသည်နှင့် မောင်းသူနေရာသို့မတက်ခင် ရထားလုံးကိုအပြင်းနှင်တော့မည်ဖြစ်ကြောင်း လီရှန်အားအသိပေးလိုက်သည်။ပြီးနောက် လက်ထဲရှိ ကျာပွတ်လေးအား လှုပ်ရမ်းလျက် မြည်း၏ကျောသို့နှင်လေ၏။

 ဤသို့ဖြင့် ထွက်ပြူလာသည့်အာရုဏ်အလင်းကိုအားပြုလျက် လင်ဝမ်ရွဲ့နှင့် လီရှန်တို့ နှစ်ဦးသား ခရီးဆက်ခဲ့ချေပြီ။

…..

နန်းမြို့တော်ရှိ မင်းသားချူ၏ အိမ်တော်ဝင်း။

ကြင်ယာတော်လျန် ကွယ်လွန်ပြီးစအချိန်ဖြစ်သည့်အလျောက် ချူဝမ်မှာ နန်းတော်အတွင်း အချိန်အပိုင်းအခြားတစ်ခုအထိ နေပေးခဲ့ရသည်။

မနက်အစောတွင် ဖင်းယန်အရှင်မှ ချူဝမ်အိမ်တော်သို့ လာရောက်ခဲ့ရာ အတော်ကြာသည်အထိ စောင့်ဆိုင်းပြီးအဆုံးတွင်မှ ဝင်ခွင့်ရသွားခဲ့လေသည်။

“လူကြီးမင်းအနေနဲ့ ဒီလိုမိုးလင်းအားကြီး ကိုယ်တော့်ဆီကိုရောက်လာတယ်ဆိုတော့ ကိစ္စတစ်ခုခုများအရေးကြီးနေသလား?”

ချူဝမ်က စံအိမ်သခင်ခုံဝယ်ထိုင်လိုက်ပြီး စကားဆိုလျက်မှ လက်ကိုမြှောက်ကာ ဖင်းယန်အရှင်ကို ထိုင်စေလိုက်သည်။

ဖင်းယန်အရှင် နေရာယူပြီးသည်နှင့်ချက်ချင်းဆိုသလို အစေခံမိန်းကလေးတစ်ဦး ရောက်လာပြီး လက်ဖက်ရည်တည်ခင်းပေးလေ၏။

“အရှင်…”

ဖင်းယန်အရှင်မှ စကားစလိုက်သော်လည်း တုံ့ခနဲရပ်သွားပြီး အနီးပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။

“မင်းတို့သွားနိုင်ပြီ”

ချူဝမ်က အဖန်ရည်ခွက်ကိုချကာ ဂရုမထားဟန်ဖြင့် လက်ဝေ့ပြလိုက်၏။

“အမိန့်အတိုင်းပါ!”

အစေခံမိန်းကလေးတစ်စုက ပြန်လည်ဖြေကြားပြီးသည့်နောက် အခန်းတွင်းမှ ထွက်သွားကြသည်။

လူအားလုံးထွက်သွားမှသာ ဖင်းယန်အရှင်က ကိုယ်ကို ချူလီရွှမ်ဖက်သို့ အနည်းငယ်ကိုင်းညွတ်လိုက်ပြီး အသံကိုနှိမ့်၍ မေးမြန်းလာခဲ့သည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now