လေပြည်မြူးလေ လှိုင်းလူးလေ..
ဖုန်းဇောင်နန်းတော်ဝင်းတစ်ခုလုံးတွင် ဒူးထောက်ဝပ်တွားနေကြသည့် ဝမ်းနည်းပူဆွေးခြင်းအမှတ်အသားဝတ်စုံတို့ကိုဆင်မြန်းထားသောနန်းတွင်းအစေခံ၊မိန်းမစိုးတို့ဖြင့် ပြည့်နှက်လို့နေလေသည်။လီနိုင်ငံ၏အကြီးဆုံးမင်းသမီး လီရှန်နှင့် အိမ်ရှေ့စံမင်းသား လီကျူးတို့မှာ ဝမ်းနည်းခြင်းခန်းမဆောင်အတွင်း ဝပ်တုပ်ခစားနေကြပြီး
နန်းမှုသစ်( 楠木)ဖြင့်ထွင်းထားသော ခေါင်းတလားအရှေ့တွင်ပြင်ဆင်ထားသည့် မီးလင်းဖိုတို့မှ အနီရဲရဲမီးတောက်များကတစ်ဖျတ်ဖျတ် လှုပ်ခါလျက်ရှိနေ၏။လီရှန်နှင့်လီကျူးတို့က မီးလင်းဖိုအတွင်းသို့ စက္ကူပိုက်ဆံအချို့ကိုအခေါက်ခေါက်အခါခါ ထည့်ပေးနေခဲ့သည်။လီရှန်သည် သူမအရှေ့ရှိမီးလင်းဖိုများဆီသို့ ကြည့်နေသော်လည်း အခြားတစ်နေရာရာသို့ငေးမောနေသည့်ဟန်ရှိလေသည်။သို့ရာတွင် သူမ အဘယ်အကြောင်းအရာကိုပြန်လည်တွေးတောနေကြောင်း မှန်းဆနိုင်သူတစ်ဦးတစ်ယောက်မျှပင်မရှိခဲ့ပါလေ..."ချူဝမ်နဲ့ ဖင်းယန်ရှစ်ဇီတို့မှ ဧကရီမယ်တော်ကြီးအား ဝမ်းနည်းပူဆွေးကြောင်း အရိုအသေပေးဖို့ရောက်ရှိလာပါတယ်"
"အစ်မတော်"
လီကျူးသည် ယဉ်ကျေးသည့်အမူအရာနှင့်အတူ အစ်မတော်လီရှန်အားကြမ်းပြင်မှ ထနိုင်ရန်ကူညီလိုက်သည်။ခဏအကြာတွင် မင်းသား ချူလီရွှမ်နှင့်အတူ ဖင်းယန်ရှစ်ဇီ လီကျုံးတို့ ပင်မနန်းဆောင်အတွင်းသို့ရောက်ရှိလာ၏။
"ရှန်အာမှ အစ်ကိုတော်ချူဝမ်ကို နှုတ်ခွန်းဆက်သပါတယ်"
"လီရွှမ်က အိမ်ရှေ့စံမင်းသားအား ခစားပါတယ်"
"လီကျုံးမှ .. အိမ်ရှေ့စံအရှင်နဲ့ အကြီးဆုံးမင်းသမီးအား ခစားကြောင်းပါ"
ကြင်ရာတော်လျန်ဖေး၏သား မင်းသားချူလီရွှမ်မှာ နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။လောလောဆယ်တွင် လီရွှမ်သည် အနက်ရောင်မင်းသားဝတ်ရုံကိုဆင်မြန်းထား၏။နှုတ်ဆက်ပြီးနောက်တွင် သူသည်လီရှန်နှင့်လီကျူးတို့ထံ အကြည့်တစ်ချက်ပင်မပို့တော့ပဲ လီရှင်းချန်၏ခေါင်းတလားဆီသို့တန်းသွားကာ လောကဝတ်ပြုလိုက်ပြီး မီးလင်းဖိုထဲသို့ လက်တစ်ဆုပ်စာစက္ကူပိုက်ဆံတို့ကို ကျဲချလိုက်သည်။သူက လီရှန်အနီးသို့ပြန်လျှောက်လာပြီးနောက် အေးတိအေးစက်နှင့်ပြောလာခဲ့သည်။
YOU ARE READING
အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်]
Historical FictionAvailable in Unicode & Zawgyi ✅ Author : 请君莫笑 Please Don't Laugh English Translator: melts Associated Names - FGEP 女将军和长公主 (Nǚ jiāngjūn hé zhǎng gōngzhǔ) Episodes - 168 Chapters + 15 Extras DISCLAIMER: I am only posting this for Myanmar Translation.