Episode(5)

1K 173 4
                                    


ဝမ်ရွဲ့က မိန်းကလေးဆိုတာမသိပါပဲ..

လီနိုင်ငံ၏ခြေလျင်တပ်သားတို့မှာ နားကွဲလုမတတ်ကြွေးကြော်သံတို့နှင့်အတူစစ်စခန်းအတွင်းမှ တစ်ဟုန်ထိုးပြေးထွက်လာကြ၏။ထိုသို့ခြေလျင်တပ်ရင်းတစ်ခုလုံးချီတက်လာချိန်တွင် ၄င်းတို့သည် တစ်စုတစ်စည်းထဲအဖြစ်ရှေ့သို့ပြေးတက်လာသည့်ပုံပေါ်သော်လည်း ဝေဟင်မြင်ကွင်းမှ ကြည့်လိုက်လျင်မူခြေလျင်တပ်စုအသီးသီးတို့သည် တိတ်တဆိတ်ပင်ထိုးစစ်ပုံစံသို့ပြောင်းလဲနေရာယူလာကြသည်ကိုတွေ့နိုင်မည်ဖြစ်သည်။

လေကိုခွင်းလျက်ပျံသန်းလာသော မြားတို့၏အသံမှာ လင်ဝမ်ရွဲ့နားအနီးမှမကြာခဏ ဖြတ်သွားကြ၏။စစ်တံတိုင်းပေါ်ရှိ လေးသမားတို့ကြောင့် ဟန်တပ်များ လူစုကွဲလာကြသည့်တိုင် လင်ဝမ်ရွဲ့အရှေ့မှ ကျဆုံးတပ်သားဦးရေကပိုတိုးလာစမြဲပင်ဖြစ်သည်။

လင်ဝမ်ရွဲ့တစ်ယောက်မှာ ဤမျှသိပ်သည်းနေသော မြားမိုး၏အောက်ဝယ် သေမင်းနှင့်အကြိမ်ကြိမ်ပုခုံးချင်းတိုက်နေခဲ့ရ၏။

မြေပြင်၏တုန်ခါနှုန်းမှာ တစ်ဖြည်းဖြည်းမြင့်တက်လို့လာခဲ့သည်။ဟီးထအောင်မြည်ဟိန်းနေသော မြင်းခွာတို့၏ကန်ကျောက်မှုကြောင့် ဖုန်လုံးကြီးများကတလိမ့်လိမ့်တက်လာ၏။၄င်းတို့မှာ နီးကပ်ပြီးရင်း ပိုလို့နီးကပ်လာလေပြီ!

"အား!"

ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်အသံတို့ဖြင့်ဖုံးလွှမ်းလို့နေ၏။ဟန်မြင်းတပ်နှင့် လီနိုင်ငံဘက်မှခြေလျင်တပ်တို့၏ တိုက်ပွဲပထမအချီမှာ ပြီးဆုံးလုနီးပါးပင်ရောက်နေပြီ။

ပထမတိုက်ပွဲအတွင်း လင်ဝမ်ရွဲ့သည် ဟန်မြင်းတပ်အား လှံဖြင့်တိုက်ခိုက်သည့်စစ်သားအုပ်စုတွင်မပါဝင်ခဲ့ပေ။ထိုအစား သူကလှံကိုရေပြင်ညီအတိုင်းကိုင်လျက် ခုခံခြင်းတို့ကိုသာပြုခဲ့ပြီး အင်အားအပြည့်ဖြင့်ချီတက်လာသည့်ဟန်မြင်းတပ်အား သေချာအာရုံစုစည်းလိုက်ရင်း သူ၏ခွန်အားတို့ကိုဆက်ပြီးချေွတာထား၏။လိုအပ်မှသာ သူ၏ခုခံသည့်ပုံစံကိုပြောင်းလဲခဲ့တာဖြစ်သည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now