Episode(15)

891 161 0
                                    


ဧကရာဇ်အဖြစ်မူကား အကြင်နာမဲ့လွန်းလှပါဘိ။

လင်ယွီမှာ ကြမ်းပြင်ပေါ်တွင်တုန်လှုပ်ခြောက်ခြားစွာဖြင့်ဒူးထောက်နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင်တော့ သူတကယ်သေရတော့မလိုပင် ခံစားနေရလေပြီ..

လီမုနှင့် လီရှန်တို့မှာ စိတ်ရှုပ်ထွေးသွားပုံဖြင့်တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ဘာပြောရမှန်းပင်မသိတော့ပေ။

အဆုံးတွင်တော့ လီမုသည် အမျိုးသမီးအဆောင်တော်ဆီသို့ယခုထိပြန်မည့်ပုံမပေါ်သေးသော တူမဖြစ်သူထံ အနေခက်စွာ လှမ်းကြည့်လိုက်ပြီးနောက် လင်ယွီဘက်သို့လက်ပြလိုက်ပြီး

"ထွက်သွားတော့"

ဒါကိုကြားလိုက်သည်နှင့် လင်ယွီသည် လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သည့်အလား ကြမ်းကိုနဖူးဖြင့် အကြိမ်မရေတွက်နိုင်သည်အထိ ထိကပ်ကာ လီမုထံသို့အရိုအသေပေးလိုက်ရင်း

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်!"

ထို့နောက်သူသည်တဲအတွင်းမှ ပျံထွက်သွားသကဲ့သို့လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ခဏမျှတိတ်ဆိတ်နေသည့်နောက် လီရှန်မှ နောက်တစ်ကြိမ်စကားစလာခဲ့သည်။

"ဦးကြီးတော်က လင်ယွီပြောသွားတာတွေကို ယုံသလား?"

"လင်ယွီပြောသွားတဲ့ အဲ့ဒီလင်ဖေးရှင်းဆိုတဲ့သူက ဦးကြီးနဲ့အရင်ကတည်းကဆုံဖူးတယ်လေ။အကဲခတ်ရသလောက်တော့ သူကသူလျှိုလည်းမဟုတ်တန်ရာဘူး။စစ်တပ်ကဆုလာဘ်ပေးတာကို ငြင်းပယ်တယ်ဆိုတာက သံသယဝင်စရာကောင်းပေမယ့် လင်ယွီပြောတာသာအမှန်ဆိုရင် ဒါကလည်းဖြစ်နိုင်ပြန်တာပဲ။လွန်ခဲ့တဲ့နှစ်နှစ် လင်ဖေးရှင်းရဲ့ ရွာတစ်ခုလုံးကိုဟန်တွေကျူးကျော်ပြီး အစုအပြုံလိုက်သတ်ဖြတ်ပြီးတဲ့နောက် သူစစ်တပ်ထဲဝင်ဖို့ စာရင်းလာပေးခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကရွာအပြင်မှာရောက်နေခဲ့လို့ အဲ့ဒီ့ကပ်ဘေးကြီးကနေလွတ်လာရှာတာ။အဲ့တာနဲ့ ဦးကြီးလည်းတစ်စုံတစ်ယောက်ကိုလွှတ်ပြီး အကြည့်ခိုင်းခဲ့သေးတယ်။တစ်ရွာလုံးရဲ့အခြေအနေက လင်ဖေးရှင်းပြောတဲ့အတိုင်းတစ်ထပ်တည်းကျနေတာပါပဲ"

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now