Episode(40)

854 124 10
                                    

ရထားလုံးကို ထားခဲ့ချည်

လင်ဝမ်ရွဲ့၏ အာရုံခံနိုင်စွမ်းနှင့်အတွေ့အကြုံများအရ လျှိုမြောင်တောင်ကြားကဲ့သို့သော နေရာအကွက်အကွင်းမျိုးသည် ရန်သူတို့အတွက်ချောင်းမြောင်းတိုက်ခိုက်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဦးဆုံးအနေဖြင့် ဤနေရာတွင် လွယ်လင့်တကူပုန်းခိုနိုင်သည်။ ဒုတိယအချက်မှာ မြေအနေအထားအရ ၄င်းတို့ဘက်မှ အသာစီးရနိုင်သည်။ လေးသမားများပါရှိနေခဲ့လျင်တော့ တောင်ကြားအတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်စစ်တန်းမဆို ဆိုးရွားသည့်သေကျေပျက်စီးနှုန်းဖြင့် တွေ့ကြုံရမည်အမှန်…

လီရှန်က ရထားလုံးအရှိန်လျော့ကျသွားသည်ကို ခံစားမိသဖြင့် ပြတင်းလိုက်ကာကိုပင့်၍ မေးမြန်းလိုက်သည်။

“ဖေးရှင်း တစ်ခုခုဖြစ်နေလို့လား?”

“ရှန်အာ..အရှေ့မှာ တောင်ကြားလမ်းတစ်ခုရှိနေတယ်။ ဒီလိုနေရာမျိုးဆိုတာ အငိုက်ဖမ်းတိုက်ဖို့ အကောင်းဆုံးပဲ..ရှေ့ဆက်သွားရင် ချုံခိုတိုက်ခံရတာမျိုးရှိနိုင်လို့ ကျွန်တော် စိုးရိမ်နေတာ”

“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ? ဒီနေရာကို ရှောင်သွားကြမလား?”

လင်ဝမ်ရွဲ့က ခေါင်းရမ်းပြလျက် ပြန်ဖြေလိုက်၏။

“ဒီအနီးတဝိုက်မှာ တခြားလမ်းမရှိတော့ဘူး။ ပင်မလမ်းကြီးကို သုံးလို့မဖြစ်တဲ့အပြင် ဒီလိုလမ်းသွယ်လေးတွေကလည်း ရံဖန်ရံခါ ခုလိုပြဿနာတွေရှိလာအုန်းမှာပဲ။ ကျွန်တော်တို့က အလျင်လိုနေပြီး မြည်းရထားလေးက အသွားနှေးနေပြန်တယ်။ ဒီပုံစံအတိုင်းသာ ခရီးဆက်နေမယ်ဆိုရင် ကျွန်တော်တို့ကိုလုပ်ကြံသူတွေ ဖမ်းမိသွားမှာစိုးမိပါရဲ့”

လင်ဝမ်ရွဲ့က ဓားတိုတစ်လက်အားထုတ်၍ သူ့အောက်တွင်ခုထားလိုက်သည်။ ပြီးလျင် ရထားတွဲနားသို့ ကပ်ထိုင်ရင်း လီရှန်အား ဓားမြှောင်အသင့်ထုတ်ထားရန် အသိပေးထားသည်။

တောင်ကြားအတွင်း ဝင်တော့မည့်ဆဲဆဲတွင် လင်ဝမ်ရွဲ့က ရထားကိုတစ်နေရာတွင် ရပ်လိုက်ပြီး လိုက်ကာစကိုမတင်ကာ လီရှန်ထံသို့ အလေးအနက်အမှာစကားဆို၏။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now