Episode(31)

806 130 3
                                    


ကြံ့ခိုင်သန််မာခြင်း၏အုတ်မြစ်သည်ကား ဇွဲလုံ့လပင်..

လင်ယွီသည် လီမု၏တဲမှထွက်လာပြီးအားချင်းပင် တပ်သားတို့အား လင်ဝမ်ရွဲ့၏တဲရှိရာသို့ပို့ဆောင်ရန် စေခိုင်းတော့၏။

လင်ယွီ တဲအတွင်းသို့ရောက်ရှိသွားချိန်တွင် လင်ဝမ်ရွဲ့သည်ကုတင်ပေါ်တွင်ထိုင်လျက်ရှိပြီး ချောမောသည့်မိန်းမပျိုလေးတစ်ဦးမှ နံဘေးတွင်ထိုင်ကာ ဆေးတိုက်ကျွေးနေသည်ကို မြင်လိုက်ရသည်။ဤသည်ကိုမြင်တော့ လင်ယွီကစနောက်သည့်သဘောနှင့်

"အဟမ်း...အာ...တာ့ကော မင်းတို့နှစ်ယောက် ဆက်လုပ်.. ဆက်လုပ်ကြပါ။ငါ နောက်မှပြန်လာလှည့်မယ်"

"ရှောင်ယွီ!ပြန်လာခဲ့စမ်း!"

လင်ယွီ၏ပေါ်ထွက်လာမှုမှာ လင်ဝမ်ရွဲ့အတွက်တော့ ကယ်တင်ရှင်အားရုတ်တရက်တွေ့လိုက်ရသည့်နှယ် ယခင်ကအင်အားချိနဲ့ကာယိုင်ထိုးနေသောပုံစံမှာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားလေပြီ။သူမ၏လေသံတစ်ချိုးတည်းနှင့်ပင် အဆိုပါကျိုးပဲ့လွယ်သည့်အနေအထားက ဘယ်ဆီဘယ်ဝယ်သို့ရောက်ရှိသွားမှန်း သိသူရှိပါလေစ?

"အမ်... မိန်းကလေး အားရင်...ကျွန်တော့်ရဲ့ညီအစ်ကို ရောက်လာပြီ။ကျွန်တော်...မင်းကို အနှောက်အယှက်မပေးချင်တော့ပါဘူး"

လင်ဝမ်ရွဲ့သည်နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့်အမူအရာတို့အား မကြည့်ဝံ့သဖြင့် ပြောပြီးပြီးချင်းတစ်ဖက်သို့ ခေါင်းလှည့်နေလိုက်၏။

အနှီဖြစ်ပျက်ပုံတို့ကို မြင်တွေ့ရသည့်အားရင်မှာ စိတ်တွင်းမှသက်ပြင်းဖွဖွချမိလေသည်။သူ့ပုံစံက ဒီလောက်ပဲ ကြောက်စရာကောင်းနေသလား?သည်ပုဂ္ဂိုလ်၏လက်တို့မှာ အပြင်းထိခိုက်ထား၍ အားစိုက်ဖို့ရာမဖြစ်နိုင်။သူမကိုယ်တိုင်ဆေးတိုက်ခွင့်ပြုဖို့တောင်းဆိုပါသော်ငြား သူ့ဖက်မှထပ်ခါတလဲလဲပင်ငြင်းဆိုခဲ့၏။အဆုံးတွင်တော့ ထိုအမျိုးသားမှနာခံလိုက်လျောလာစေရန် မင်းသမီးကိုယ်တော်တိုင်ကိုပါ ပင့်ဖိတ်ခဲ့ရလေသည်။သို့တိုင်အောင် ဆေးခွံ့ကျွေးနေစဉ်အတောအတွင်း သူ့ဖက်မှသူမအားစေ့စေ့ပင် မကြည့်ဝံ့ရှာ။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now