Episode(36)

1.2K 166 27
                                    


ကြင်ဖော်လို ဟန်ဆောင်ကြစို့..

နာရီအနည်းငယ်ခန့် ကြာမြင့်ပြီးနောက် လင်ဝမ်ရွဲ့သည်ခေါင်းတစ်ခုလုံး ချွေးပြိုက်ပြိုက်ကျလျက် ပြန်ရောက်လာခဲ့ချေ၏။

လီရှန်ပုန်းအောင်းသည့်နေရာသို့အရောက် မြည်းရထားလုံးပေါ်မှဆင်းကာ လမ်းဘေးသို့အလျင်ဆွဲချလိုက်၏။မြည်းအား သစ်တစ်ပင်တွင်ချည်၍ ကြိုးထုံးကိုပြန်ဆွဲကြည့်သည်။ပြေလျော့ခြင်းမရှိကာမှ သစ်တောအတွင်းသို့ဦးတည်ထွက်သွားလေတော့၏။

သစ်တောမှာ ဆိတ်ငြိမ်လွန်းလှသဖြင့် လင်ဝမ်ရွဲ့သည် ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်လောက်သည်ဟု ထင်မှတ်မိသည်။ခပ်တောင့်တောင့်နှင့် လမ်းလျှောက်ရင်း စိုးရိမ်တကြီးဖြစ်လာပြီးနောက် လည်ပင်းတစ်လျှောက်တင်းကြပ်ကာ လက်ဖဝါးနှစ်ဖက်မှာလည်း စေးထန်းလို့လာချေသည်။

အတော်ပင် ကြောက်မိပါ၏။သူ ကြောက်မိသည်ကား လီရှန်အား ရှာမတွေ့မည်ကို..ပိုလို့ ကြောက်မိရသည်ကား သူရှာလို့တွေ့ခဲ့ပါသော် လီရှန်၏အလောင်းသက်သက်ဖြစ်နေလိမ့်မည်ကိုပင်။

တတ်နိုင်သမျှအမြန်ဆုံး နှုန်းတင်၍ပြန်လာခဲ့သည့်တိုင် သည်လမ်းနှင့်သည်ခရီးမှာ အချိန်အတော်ယူရဆဲဖြစ်လေ၏။

လင်ဝမ်ရွဲ့၏ တစ်ဆယ့်ခြောက်နှစ်တာသော သက်တမ်းတစ်လျှောက်၌ ဤမျှသောကဗျာပါရတို့နှင့် မတုန်လှုပ်ခဲ့ဖူးချေ။သူတွေးတောနိုင်သည့် ကိစ္စအလုံးစုံမှာ ဖြစ်နိုင်သမျှမြန်မြန်ပြန်ရောက်ဖို့သာဖြစ်၏။မကြာခဏဆိုသလို ကျာပွတ်ဖြင့်အနှင်ခံရလွန်းသဖြင့် ရထားဆွဲသည့်မြည်းမှာလည်း တစ်လမ်းလုံးအော်မြည်လာခဲ့ရလေသည်။

နောက်ဆုံး ချိန်းဆိုရာသို့ပြန်ရောက်နိုင်ခဲ့သော်ငြား ထိုအစား သူ့စိတ်တွင်းမှ စိုးရိမ်လာရပြန်သည်။

လင်ဝမ်ရွဲ့သည် ထူထဲသည့်ရွက်ကြွေလမ်းပေါ်တွင်လျှောက်လှမ်းရင်း ဝါဂွမ်းပုံသို့ခြေချမိသလိုခံစားမိလေသည်။အတွင်းစိတ်တွင်တော့ သူ့ဖက်မှလုံးဝလက်ခံနိုင်မည်မဟုတ်သော အဖြစ်အပျက်အား မြင်တွေ့လိုက်ရမည်ကို စိုးရွံ့နေသည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now