Episode(23)

988 179 21
                                    

စကားတစ်ခွန်းပင် မလိုအပ်တော့ပြီ။

နောက်တစ်နေ့ မနက်လင်းရောင်သန်းစအချိန်သို့ရောက်ရှိလာခဲ့လေပြီ။

လီကျုံး၏အစေခံများက တဲအတွင်းပိုင်းကိုအဆင်သင့်ပြန်လည်မွန်းမံတည်ဆောက်ထားခဲ့ပြီးဖြစ်၏။ယခုလေးတင် လီကျုံးမှာအိပ်ရာထလာပြီး မတ်တပ်ရပ်လျက် ဒီခရီးအတွက်သူ့အဝတ်အစားတို့ကိုစီစဉ်ပေးရန်လိုက်ပါလာခဲ့သည့် လက်ပါးစေထံသို့လက်နှစ်ဖက်ကိုဆန့်ထုတ်ပေးလိုက်သည်။

"ရှစ်ဇီ..ဒီငယ်သားမှာတင်ပြစရာတစ်ချို့ရှိနေပါတယ်"

"ဝင်ခဲ့"

အစေခံသည် လီကျုံးအားကျောက်စိမ်းဖြင့်စီခြယ်ထားသည့် ခါးပတ်ကိုကျင်လည်စွာစည်းနှောင်ပေးပြီးနောက် ဝိုင်းစက်သည့်ကျောက်စိမ်းဆွဲပြားနှင့်အတူ အမွှေးအိတ်လေးကိုပါတွဲလျက်ချိတ်ဆွဲပေးလိုက်သည်။

လီကျုံးက သူ့အဝတ်အစားကိုငုံ့ကြည့်စစ်ဆေးလိုက်ပြီး လက်ဝှေ့ရမ်းပြကာအစေခံကိုထွက်သွားစေသည်။အစေခံက အလေးအနက်အရိုအသေပြုပြီးမှ ခါးကိုင်းလျက်ပင်တဲအပြင်သို့နောက်ဆုတ်ထွက်ခွာသွားတော့သည်။

"ဘာကိစ္စလဲ?"

"ရှစ်ဇီ!"

အနှီပုဂ္ဂိုလ်မှာ အထဲသို့ဝင်လာခဲ့သည်။သူက တင်ပြရန်အလို့ငှာပါးစပ်ဟလိုက်သော်လည်း နံရံပေါ်တွင်ရှိနေနိုင်သည့်နားတို့ကိုစိုးရိမ်သွား၍ သူကိုယ်တိုင်တုံ့ဆိုင်းလို့သွားလေသည်။(ခိုးနားထောင်နေမှာစိုးလို့ပါ)သူကလီကျုံးအရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကပ်သွားပြီးနောက် နှစ်ကိုယ်ကြားနိုင်လောက်ရုံအသံဖြင့်ပြောလိုက်သည်။

"ရှစ်ဇီ ဒီငယ်သားကအမိန့်အတိုင်းအဲ့ဒီ့နေရာကို သေချာစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။လင်ဖေးရှင်းကပုံမှန်အတိုင်းလေ့ကျင့်ခန်းလုပ်ဖို့ သူ့တဲကနေ ထူးချွန်တပ်ရင်းလေ့ကျင့်ကွင်းဆီကို ပြီးခဲ့တဲ့ဆယ့်သုံးမိနစ်လောက်ကထွက်သွားပါပြီ..လုံးဝကို အန္တရာယ်ကင်းကင်းနဲ့ပါ..."

"ဟမ်?"

ဒီသတင်းကိုကြားလိုက်ရချိန်တွင် လီကျုံးမျက်မှောင်ကြုတ်လိုက်မိသည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now