Episode(42)

1.7K 158 53
                                    


ဒေါသအိုးကို တုတ်နှင့်ထိုးသူများ ချေမှုန်းခံရခြင်း

(သွေးထွက်သံယို ကြိုတင်သတိပေးချက်)

ဟေးလောင်းဟူသည် လင်ဝမ်ရွဲ့အား အနီးသို့ရောက်လာသည်အထိစောင့်နေခဲ့၏။ လင်ဝမ်ရွဲ့ထံ ပြုံးဖြဲဖြဲအမူအရာနှင့်ကြည့်ကာ သူ၏လက်စွဲတော် ရွှေဓားကိုမြေကြီးအတွင်းသို့ ချွင်ခနဲထိုးစိုက်ပြလိုက်သည်။ သူက

"မင်းကိုတော့ လေးစားသွားပြီ ကောင်လေး။ ဒါပေမယ့် လေးစားတာက လေးစားတာ သပ်သပ်၊ စည်းကမ်းက စည်းကမ်း သပ်သပ်ပဲ။ ဓားသွားဆိုတာ အကြင်နာကင်းတယ်။ ဒီလိုဆိုတော့ ငါတို့ လက်ဗလာနဲ့တိုက်ကြရင်ကော ဘယ်လိုလဲ? အစောက သဘောတူထားတဲ့အတိုင်း အကွက်သုံးဆယ်အတွင်း ရှုံးရင်တော့ မင်း ပစ္စည်းတွေထားခဲ့ရမှာပဲနော်"

ဤသို့ ဟေးလောင်းဟူစကားကိုကြားသော် လင်ဝမ်ရွဲ့စဉ်းစားလိုက်သည်က 'ဟေးလောင်းဟူကြည့်ရတာ ကတိဖျက်ပြီး ကလိမ်ကကျစ်ကျမယ့်သူတော့ မဖြစ်တန်ဘူး။ အဆင်သင့်လိုက်တာ..လူမသတ်ချင်တဲ့ ငါ့အဖို့တော့ အံကိုက်ပဲ'

"တာ့ကောက ပွင့်ပွင့်လင်းလင်း တောင်းဆိုလာမှတော့ ဒီလူက ကျေးဇူးတင်ရုံပေါ့ဗျာ"

လင်ဝမ်ရွဲ့လည်း ဓားတိုကို တုန့်ဆိုင်းခြင်းမရှိ မြေသို့စိုက်လိုက်လေသည်။

ရထားတွဲအတွင်းရှိ လီရှန်သည် အဝေးတစ်နေရာမှ လင်ဝမ်ရွဲ့နှင့် ဟေးလောင်းဟူတို့၏စကားဝိုင်းကိုကြားပြီး ရထားပြတင်းကာအစွန်းအား ဖြည်းဖြည်းလေး မ,တင်ကြည့်လိုက်၏။ လင်ဝမ်ရွဲ့မှ သူ့ကိုယ်ပိုင်လက်နက်အား မြေသို့အမှန်တကယ်ထိုးစိုက်လိုက်ကြောင်း မြင်ရချိန်တွင် သူ့မှာ မတတ်နိုင်စွာဖြင့် တိတ်တဆိတ်သက်ပြင်းချမိလေသည်...

မျှော်လင့်ချက်မဲ့နေသည့် လီရှန်မှာဖြင့် 'လင်ဖေးရှင်းက တကယ်ပဲ ထက်မြက်တာလား? ရူးနှမ်းနေတာလား?

ထက်မြက်တယ်လို့ ဆိုရအောင်ကလဲ တောပုန်းဓားပြဆီက ဒီလောက်သိသာနေတဲ့ထောင်ချောက်ကိုတောင် ဖောက်မမြင်နိုင်တဲ့အပြင် ပျော်ပျော်ကြီး ခုန်ချသွားသေးတယ်။ ရူးနေတယ်လို့ ဆိုရပြန်ရင်လဲ ဟူကျိုးမြို့ပြင်မှာတုန်းက ချုံခိုတိုက်ခိုက်လာမယ့် အရိပ်အယောင်ကို ချက်ချင်းလက်ငင်းရှာတွေ့နိုင်သေးတယ်။ သူ့ဘေးနားမှာ သူလျှိုရှိနေနိုင်တယ်ဆိုပြီး ချက်ကျလက်ကျဖော်ကောင်လုပ်ရုံမက တောင်ကြားထဲမဝင်ခင် ခုဏလေးကတင် ပြဿနာတက်နိုင်ခြေရှိတာကိုကြိုပြီး ခန့်မှန်းပြနိုင်နေပြန်ရော'

You've reached the end of published parts.

⏰ Last updated: Jul 15, 2023 ⏰

Add this story to your Library to get notified about new parts!

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now