Episode(20)

965 167 6
                                    


လူငယ်လေးက ဝူဓားမောက်ကိုဘာကြောင့် မဆောင်သင့်တာလဲ?
男儿何不带吴钩?

(ထန်ခေတ်စာဆို လီဟယ့်၏ 'ငါ့ဥယျာဉ်တောင်ဘက်က ကဗျာဆယ့်သုံးပုဒ်'ရှိ နံပါတ်ငါးမှ)
李贺·《南园十三首(其五)

နောက်တစ်နေ့တွင် လင်ဝမ်ရွဲ့သည်သူ၏ကျောပြင်မှ မကြာခဏစူးအောင့်ကာ နာကျင်နေဆဲဖြစ်သည့်တိုင် နေ့စဉ်စစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်ခဲ့လေသည်။ထိုလေ့ကျင့်ကွင်းနေရာတွင် သူမတစ်ကိုယ်တည်း ထပ်မံမလေ့ကျင့်ဝံ့တော့ပါ။လီရှန်မှ သူ့အားထိုနေရာတွင်နောက်တစ်ကြိမ်လိုက်လံရှာဖွေနေလိမ့်မည်မဟုတ်ကြောင်း လင်ဝမ်ရွဲ့သိနေပါသော်လည်း အတော်ထိတ်လန့်သွားသည့်အတွက် လီရှန်ထံမှပုန်းရှောင်နေခဲ့လေသည်..

လီရှန်ထံမှ တမူဆန်းပြားသည့်တည်ရှိမှုလေးက သူမကိုအလွန်သက်တောင့်သက်သာခံစားမိစေသဖြင့် လီရှန်နှင့်အတူရှိရခြင်းအား လင်ဝမ်ရွဲ့နှစ်သက်ပါ၏။

လင်ဝမ်ရွဲ့သဘောကျသည့် နောက်တစ်ချက်မှာ လီရှန်ကအမျိုးသမီးတစ်ဦး ဖြစ်သောကြောင့်ပင်။လင်ဝမ်ရွဲ့ခမျာ စစ်တပ်အတွင်းမှကြမ်းတမ်းလှသည့် ယောကျ်ားသားများနှင့်နေ့စဉ်နေ့တိုင်း မျက်နှာချင်းဆိုင်နေခဲ့ရသည်မှာ သုံးနှစ်ပင်ပြည့်လုပြီဖြစ်သော်လည်း ၄င်းတို့၏မပြောမဆို ထိတွေ့မှုများနှင့် အထိန်းအကွပ်မဲ့သော ယုတ်ရင့်ရိုင်းစိုင်းသည့် အပြောအဆိုတို့အား သည်းခံနိုင်စွမ်းမရှိသေးပေ။ထို့ကြောင့်ပင် သူမလည်းအပေါင်းအသင်းအစုအဖွဲ့များနှင့် ခပ်ခွာခွာနေထိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့ရလေ၏။

လင်ယွီတွင် အဆိုပါပြဿနာမရှိသည်ကတော့ ကံကောင်းသည်ဟုဆိုရပေမည်။မဟုတ်ပါက လင်ဝမ်ရွဲ့တစ်ယောက်မှာ လင်ယွီထံမှလည်းတတ်နိုင်သလောက် ရှောင်ဖယ်နေထိုင်လိမ့်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။ထိုသို့ဆိုလျှင်တောင်မှ အချိန်ကာလကြာမြင့်သည်အထိ ညီညွတ်စွာခင်မင်ရင်းနှီးခဲ့သည့်နောက် သူနှင့်လင်ယွီအကြားရှိ ညီနောင်ရင်းကဲ့သို့ဆက်ဆံရေးမှာ အဆင့်တစ်ခုအထိရောက်ရှိပြီးဖြစ်သည်ကို လင်ဝမ်ရွဲ့ရှင်းလင်းစွာသဘောပေါက်ထားသည်။သူမသာ ဤသို့ခပ်တန်းတန်းဆက်ဆံတာမျိုး မရှိတော့လျင် လင်ယွီကသူ့ကို ရေအိမ်အတူသွားဖို့၊မြစ်ထဲတွင် အတူတူကပ်လျက်ရေချိုးဖို့၊ဒါမှမဟုတ် အပျော်မယ်စခန်းသို့သွားရောက်လည်ပတ်ဖို့ စတင်ဖိတ်ခေါ်ပေလိမ့်မည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now