Episode(22)

950 170 15
                                    


ဘယ်သူက ဘယ်သူ့ကိုကစားနေတာလဲ။

လီကျုံးအားဝန်းရံလျက်ရှိသော ထူးချွန်တပ်ရင်းမှတပ်သားတို့က ဒီအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသည့်အခါ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ရယ်မောကြတော့သည်။

စစ်စခန်းဟူသည် ဤသို့သောနေရာမျိုးဖြစ်၏။ 'သူကောင်းမျိုး'ဂုဏ်ပုဒ်ကိုသုံးကာ အထူးတလည်ဆက်ဆံတာမျိုး ခံရနိုင်သည်ဆိုသော်လည်း ဤသို့ရှက်ဖွယ်ကောင်းသည့် ကိုယ်စွမ်းကိုယ်စနှင့်လူအများ၏လေးစားခြင်းကိုရရှိနိုင်ရန် မျှော်လင့်ချက်မရှိပေ။

လင်ဝမ်ရွဲ့မှာဣန္ဒြေကြီးသည့်အပြင် အခြားသူများနှင့်လည်း ပေါင်းသင်းဆက်ဆံခဲလှသည်။ မြားတစ်ရာကိုတစ်ဆက်တည်းပစ်ကာ တစ်ချက်ကလေးပင်မလွဲစေခဲ့သည့်အချိန်မှစပြီး သူမအားအသိအမှတ်ပြုလေးစားခြင်းနှင့်ထိုက်တန်သည့် လူတစ်ယောက်အဖြစ် ထူးချွန်တပ်ရင်းရှိတပ်သားတို့၏စိတ်နှလုံးအတွင်း၌နေရာယူထားခဲ့ပြီးဖြစ်သည်။

ယခုတော့ ဒီလီကျုံးဆိုသူကိုကြည့်စမ်းပါအုန်း။အပြင်လောကတစ်ခွင်တွင် ရှစ်ဇီအရှင် ဟူသောဂုဏ်ဖြင့်ကျော်ဇောထင်ရှားသည်ဆိုသော်ငြား နယ်စပ်ဒေသများတွင်နှစ်ချီ၍နေထိုင်ခဲ့သော စစ်သည်တို့အဖို့ သူတို့ကိုယ်တိုင်မျက်လုံးဖြင့်တွေ့မြင်ရပါမှ စစ်မှန်ကြောင်းအသိအမှတ်ပြုတတ်ကြလေ၏။

လီကျုံးဆိုသူမှာ ဟန်တစ်ခွဲသားဖြင့်ရောက်လာပြီးနောက် စကားကိုမောက်မာရိုင်းစိုင်းစွာပြောသည့်အပြင် ယခုအကြီးအကျယ်ပင် အရှက်ကွဲပြန်သေးသည်။

သည်လို 'လူသိမ်လူဖျင်း' တစ်ဦးအားလှောင်ရယ်ဖို့ဆိုသည်မှာ ချုပ်တည်းအောင့်အီးစရာပင်လိုပါလိမ့်မလားလေ။

"မဖြစ်နိုင်ဘူး!"

လီကျုံးလည်တိုင်ပေါ်ရှိ အကြောတို့ထောင်လာခဲ့သည်။မျက်စိရှေ့က ပစ်မှတ်ဗလာကိုကြည့်ကာ သူ့နားအတွင်းဝင်လာသော ကျယ်လောင်သည့်လှောင်ရယ်သံတို့ကိုနားထောင်ရင်း ပြင်းပြင်းထန်ထန်အရှက်ခွဲခံလိုက်ရသည်ဟု ခံစားနေရသည်။

သူကပူပြင်းလောင်မြိုက်နေသည့်အမျက်ဒေါသတို့ဖြင့် လင်ဝမ်ရွဲ့ထံတိုးသွားလိုက်ပြီးနောက် ရဲတွတ်နေသည့်မျက်လုံးတို့နှင့်စိုက်ကြည့်ရင်း လင်ဝမ်ရွဲ့ရင်ဘတ်ရှေ့မှအင်္ကျီကော်လာကို ဆုပ်ကိုင်လိုက်သည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now