Episode(33)

972 158 16
                                    

မင်းသမီး၏ လူတို့အားထိန်းချုပ်ခြင်း နည်းနိဿယ

"အဲ့မှာ ဘယ်သူလဲ!"

မင်းသမီး၏တဲနန်းအနီးတွင် တဝဲလည်လည်ဖြစ်နေသောလူရိပ်တစ်ခုအား ကင်းလှည့်တပ်သားလေးမှရိပ်စားမိသောကြောင့် သတိအပြည့်ကပ်လျက် လက်နက်ကိုဆွဲကာမီးတုတ်တစ်ဖက်နှင့် သွားရောက်ကြည့်ရှုလေ၏။

"ထူးချွန်တပ်ရင်းခေါင်းဆောင် လင်ဖေးရှင်းပါ"

လင်ဝမ်ရွဲ့က သူမ၏ရာထူးအမည်ကို အသံနိမ့်နိမ့်ဖြင့်တင်ပြလိုက်သည်။နာမည်ကတ်ပြားကိုထုတ်ပြရန်ကြံလိုက်သော်လည်း သူမ၏လက်နှစ်ဖက်လုံးမှာ ပင့်မြှောက်လိုက်သည်နှင့် ဆိုးဆိုးရွားရွားနာကျင်လို့သွားရသည်။ထိုအချင်းအရာကြောင့် သူ့မှာ ကတ်ပြားကိုလွယ်လင့်တကူထုတ်မပြနိုင်ရှာ။

တပ်သားသည် မီးတုတ်ကိုလင်ဝမ်ရွဲ့၏မျက်ဝန်းရှေ့သို့ဝှေ့ကြည့်ပြီးနောက် ပိုမိုယဉ်ကျေးသည့်အသုံးအနှုန်းဖြင့်

"ခေါင်းဆောင်လင် ပဲ။ကတ်ပြား ထုတ်ပြနေစရာမလိုပါဘူးဗျာ..သည်ငယ်သားက ခေါင်းဆောင်ကိုမှတ်မိပါတယ်"

"အိုး.. ကျေးဇူးပဲ"

လင်ဝမ်ရွဲ့ လက်တို့ကိုချိနဲ့စွာ ပြန်ချလိုက်၏။

"ခေါင်းဆောင်လင်အကြောင်း ကျွန်တော်မျိုးကြားရသလောက် ပြီးခဲ့တဲ့တိုက်ပွဲတုန်းက အတော်ကိုပြင်းပြင်းထန်ထန် ထိခိုက်မိထားတယ်ဆို။ပြန်သက်သာလာပြီလားဗျ?"

"ဟုတ်တယ်..အရင်ကထက်တော့ သက်သာလာပါပြီ"

"တပ်ရင်းတစ်ခွင်မှာတော့ ခေါင်းဆောင်လင်ရဲ့သတင်းက မွှေးနေပါပဲဗျာ..ဟန်တွေဝိုင်းထားတဲ့ကြားကနေ ဘယ်လိုခက်ခက်ခဲခဲတိုက်ခဲ့ရတာတွေ..ပြီးတော့ ဟန်အုပ်တွေကြားကို အင်အားသုံးဝင်ပြီး ကျွန်တော်တို့ရဲ့တပ်မှူးလေးလင်ယွီကို ဘယ်လိုဘယ်ပုံကယ်ပေးခဲ့တဲ့အကြောင်းတွေပေါ့။အခုဆို တပ်ရင်းကလူတွေအကုန်လုံး ခေါင်းဆောင်ရဲ့မြင့်မြတ်တဲ့ပုံစံကို ကြည့်ဖို့မအောင့်နိုင်ကြတော့ဘူးလေ!"

ဤစကားကိုကြားသည့်အခါ အမှောင်ထဲတွင် လင်ဝမ်ရွဲ့မျက်မှောင်ကြုတ်လိုက်မိသည်။တစ်ခုခုမသင်္ကာစရာကောင်းနေသော်လည်း သည်တိုင်းတွေးကြည့်ရုံဖြင့်တော့ ဘာမှန်းသေချာသိရှိနိုင်မည်မဟုတ်။သို့ကြောင့် ကင်းလှည့်တပ်သားထံသို့ စုံစမ်းတီးခေါက်ကြည့်လိုက်သည်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now