Episode(24)

1K 171 19
                                    


တူရိယာတို့ဖြင့် စစ်တပ်၏တိုက်ပွဲဝိဉာဉ်ကိုနိုးထစေ..

လင်ဝမ်ရွဲ့သည် သူ့ကိုယ်ပိုင်တဲဆီသို့ပြန်သွားပြီးနောက် မုန့်ဗူးကိုစားပွဲပေါ်သို့တင်လိုက်သည်။သူကထိုအရှေ့တွင်ထိုင်ချလိုက်ပြီး ထိုဗူးကိုတွေဝေမိန်းမောစွာဖြင့် စိုက်ကြည့်နေမိသည်။

အချိန်အတိုင်းအတာတစ်ခုအထိငေးကြည့်ပြီးသည့်နောက် လင်ဝမ်ရွဲ့မှ အစားအသောက်သေတ္တာကို တစ်လွှာပြီးတစ်လွှာဖြည်ချလိုက်သောအခါ အတွင်း၌အနုစိတ်စွာပြုလုပ်ထားသည့်တျန်ရှင်းလေးမျိုးကိုတွေ့လိုက်ရ၏။

လင်ဝမ်ရွဲ့မှာ သူတို့အမည်ကိုပင်အသာထား ဤမျှလက်ရာမြောက်ကာနူးညံ့အိစက်လှသည့် အစာသွပ်မုန့်မျိုးကိုတစ်ခါမှပင်မမြင်ဖူးခဲ့ပါ။လင်ဝမ်ရွဲ့က တျန်ရှင်းပန်းကန်လေးချပ်ကို တစ်တန်းတည်းနေရာချကာအာရုံအပြည့်နှင့် စတင်စူးစမ်းတော့သည်။

ဦးဆုံးပန်းကန်ထဲတွင်ရှိနေသည့် မုန့်တို့မှာထွင်းဖောက်မြင်နိုင်လောက်သည်အထိ ကြည်လင်ရွှန်းလဲ့လို့နေ၏။လင်ဝမ်ရွဲ့မှ မုန့်တစ်ခုကိုဂရုတစိုက်ယူပြီး သူ့မျက်စိရှေ့တွင်မြှောက်ကြည့်လိုက်သည့်အခါ ထိုမုန့်အတွင်း၌ မုရှီ[1]ပန်းတို့ဖြင့်ဌာပနာထားကြောင်းတွေ့လိုက်ရသည်။နှာခေါင်းအနီးသို့ယူကာ ရှူရှိုက်ကြည့်ချိန်တွင်မုရှီပန်းရနံ့လေးကိုဖျော့တော့စွာရနိုင်လေသည်။

ဒုတိယမြောက် ပန်းကန်မှမုန့်တို့ကမူ ပိုလို့ပင်ထူးထူးခြားခြားလက်ရာမြောက်စွာဖန်တီးထားခြင်းဖြစ်သည်။သူတို့ကို ရေတွင်ကစားပျော်ပါးလို့နေသည့် ဘဲငန်းတို့သဏ္ဍာန်ပုံဖော်ထားလေ၏။လင်ဝမ်ရွဲ့က တစ်ချက်အနံ့ခံကြည့်လိုက်သည့်အခါ ပဲစိမ်းသီးတို့၏နှစ်လိုဖွယ်လန်းဆန်းတက်ကြွသည့်ရနံ့ကို ခံစားမိလေသည်။

တတိယမြောက်ပန်းကန်အတွင်းရှိ မုန့်တို့ကိုတော့ကြာပန်းပုံစံ တည်ခင်းထားလေသည်။သို့သော်၄င်းတို့အသီးသီးတွင် ကွဲပြားသည့်အရောင်တို့နှင့်ပွင့်ချပ်များပါရှိလေ၏။

နောက်ဆုံးပန်းကန်တွင်ပါရှိသည်က ပျိုနီပန်းပုံဖော်ထားသည့်မုန့်များဖြစ်ပြီး အမှန်တကယ်ပင်ပွင့်လန်းလာတော့မည့်သဖွယ် သက်ဝင်လှပေသည်...

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now