Jen က liliကို အမြဲ အနိုင်ကျင့် ချုပ်ချယ်ပေမဲ့ liliကတော့ အမြဲ ငြိမ်ခံ
ပေးခဲ့သည်ငယ်ငယ်က ၂ယောက်သားလျောက်လည်ရင်း jenပျောက်သွားခဲ့ဘူးသည်
lili က ကလေးသဘာ၀ အရုပ်ဆိုင်ကို ငေးရင်း Jenလက်ကို လွှတ်လိုက်မိသည် jenကို ၃ရက် လောက်နေမှ ပြန်ရှာတွေ့ခဲ့သည်အဲ့ကတည်းက jenရဲ့ liliအပေါ် အနိုင်ကျင့်မှုနဲ့ ချုပ်ချယ်မှု တွေ စတင်လာခဲ့သည် ဆိုရမည်
jen ကို ၃ရက်ကြာပြီး ပြန်ရှာတွေ့တော့ jenက သိပ်ကြောက်နေခဲ့သည်
လူကောင်းတွေနဲ့ တွေ့ခဲ့ ပေမဲ့လည်း ကလေး သဘာ၀ အရာရာ အားလုံးက ကြောက်စရာဖြစ်ခဲ့ သည်ငယ်ငယ်က တော့ သူအဲ့လို ဖြစ်ရတာ liliကြောင့်ဆိုပီး အနိုင်ကျင့်ခဲ့သည်
ခုဆို အထက် တန်းကျောင်းသူတွေ တောင် ဖြစ်နေပေမဲ့ ငယ်ငယ်က အကျင့် က ဖျောက် မရသေး တခါတလေ liliကို ချိုချိုသာသာ ဆက်ဆံချင်ပေမဲ့
မာန တချို့က ခံနေခဲ့ သည်လေ
*
*
*
*
Lili ၁ယောက် ကျောင်းသွားဖို့ အဝတ်စားလဲ ပြီး jen အိမ်ဘက် ထွက်လာခဲ့သည် ကျောင်းသွားဖို့ မနက်တိုင်း jen ကို သွားစောင့်ရသည်
jen အမိန့်မို့ လွန်ဆန်ဖို့ လည်း စိတ်ကူး မရှိခဲ့ပါ"liliရောက်ပီလား jenက မနိုးသေးဘူးထင်တယ် eommaသွားနိုးလိုက်ဦးမယ် ခနနော်"
Liliလည်း အိမ်ရှေ့ ခန်းက ဆိုဖာပေါ်မှာ ထိုင်စောင့်နေလိုက်သည်
ခနကြာတော့ jen ဆင်းလာပြီး
"ဟဲ့ သွားမယ်"
"အင်း"
"jenလေး မနက်စာ မစားတော့ဘူးလား"
"ဟုတ် eomma ကျောင်းမှ စားလိုက်တော့မယ်"
liliလည်း jenအိမ်ကလိုက်ပို့တဲ့ ကားနဲ့ ကျောင်းသို့ လိုက်လာခဲ့သည်
jenက ကျောင်းရောက်ရောက်ချင်း အခန်းထဲ မဝင်သေးဘဲ ကန်တင်း
ဘက်သို့ ထွက်လာသည် lili ကတော့ jen နောက်က ကပ်လျက်ပေါ့jenလည်း လွတ်တဲ့ ခုံမှာ ဝင်ထိုင်လိုက်ပြီး
"ငါ့အတွက် ကော်ဖီ နဲ့ ပေါင်မုန့် သွားဝယ်ပေး""...."
liliလည်းသွားဝယ်လာပြီး jenရှေ့ကို ချပေး ထားလိုက်တယ်
"ဟာ....ဘာလို့ ကော်ဖီကို အေးတာဝယ်လာတာလဲ
မနက်အစောကြီး ရှိသေးတာကို သွား ခုသွား လဲ""ခါတိုင်းလည်း နင်ကော်ဖီကို အေးတာ သောက်နေကျမို့ ငါဝယ်လိုက်တာပါဟာ"
"အဲ့တာက နေ့လည်ခင်း တွေလေ နင့်ဦးနှောက် မရှိဘူးလား စဉ်းစားလေ"
jenလည်း စိတ်တိုတာနဲ့ ကော်ဖီခွက်ကို ကိုင်ကာ liliကို ပတ်လိုက်သည်
ထို့နောက် jenလည်း အခန်းဘက်ကို ထွက်သွားတယ်
မနက်ခင်းမို့ ကန်တင်းမှာ လူသိပ် မစည်ပေမဲ့ လူနည်းစုကတော့ liliတို့
ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေသည်liliရှက်ပေမဲ့ ခါတိုင်းလည်း ကြုံတွေ့နေကြမို့ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တော့တာ ကြာခဲ့ ပြီလေ
၁ခါ၁လေ jenစကား တွေကို ဦးနှောက်က လွန်ဆန်ချင်မိ ပြန်ပြောချင်မိပေမဲ့ စိတ်ထဲက လက်မခံတာကြောင့် အမြဲ ငြိမ်ခံမြဲပေါ့
liliလည်း အင်္ကျီမှာ ပေနေတဲ့ ကော်ဖီတွေ ဆေးဖို့ အိမ်သာ ဘက်ကိုသာ
ထွက်လာခဲ့လိုက်သည်
*
*
*
*
"jen နင် liliကို အဲ့လို တွေလုပ်နေတာ ဘယ်တော့မှ ရပ်မှာလဲဟယ်"jen liliကို ကန်တင်းမှာ လုပ်လိုက်တဲ့ လုပ်ရပ် ကို မြင်ပြီး somi ပြော
ချင်း ဖြစ်သည်"နင်အဲ့လို ကြပ်ကြပ်လုပ် သိလား ဟိုက နင့်ကို ထားခဲ့နေဦးမယ်"
"သူလားငါ့ကို ထားခဲ့ရဲမှာ ငါ့ စကားကိုတောင် လွန်ဆန်ရဲတာ မဟုတ်ဘူး"
"ဟဲ့ ချောင်ပိတ်ရိုက်ခံ ရတဲ့ ခွေးတောင် အသားနာရင် ပြန်ကိုက်တက်သေးတာပဲ Liliက လူဟဲ့လူ သူလည်း ခံရတာ များလာရင် ပေါက်ကွဲလာမှာပဲလေ"
"တော်တော့ somiရာ ငါဗိုက်ဆာလို့ ဒေါသထွက်နေတာနော် နင့်ပေါ်
ရောက်သွားမယ်""အေးပါဟယ် အေးပါ မပြောတော့ဘူး "
jenလည်း နားကြပ်လေးတပ်ရင်း စဉ်းစားနေမိတယ် တော်ကြာ liliသူ့
အမိန့်တွေကို လွန်ဆန်လာရင် ဘယ်လိုလုပ်မလဲဆိုပြီးပေါ့....**********************************************
ပထမဆုံး ရေးတဲ့ Ficမို့
အမှားပါရင်
ခွင့်လွှတ်ပါနော် 🙏
Thank you ♥ Love you
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...