Part-20

964 37 0
                                    

ခါတိုင်း ကျောင်းလစ်ပြီးရင် ကျောင်းဘက်ကိုယောင်လို့တောင်
ခြေဦးမလှည့်မိပါ။
ဒီနေ့တော့ နှလုံးသားရဲ့ခေါ်ဆောင်ရာကိုလိုက်လာခဲ့သည် ဆိုပါတော့။

အတန်းချိန်တွေ ပြီးတော့မှာမို့ jenလည်း liliကို ကျောင်းပေါက်မှာပဲ
စောင့်နေလိုက်သည်။
ခနကြာတော့ lili ကျောင်းထဲမှ ထွက်လာသည်

"Heyy...lisa"

"ဟင် jen ဘယ်လိုရောက်လာတာလဲ
နင် ဒီနေ့ကျောင်းလစ်တယ်မလား"

"inn ဒီဘက်ရောက်လက်စနဲ့မို့ နင့်ပါဝင်ခေါ်လိုက်တာ
အချိန်ပိုင်းပဲမလား တက်ငါလိုက်ပို့မယ်"

"ရပါတယ် jenရဲ့
ငါဘာသာသွားလိုက်မယ်"

"တက်ဆိုတက်ပါဟယ် နင်ဟာလေ
ပြောရဆိုရ သိပ်ခက်တာပဲ လူကြည့်တော့ ကျားကျားယားယားနဲ့
တစ်ချက်တစ်ချက်လာလာ နွဲ့ပြနေသေးတယ်"

"innပါ တက်ပြီ"

liliလည်း ပြောရင်းဆိုရင်း jenကားပေါ် တက်ထိုင်နေလိုက်တော့သည်။

jenလည်း ကားလေးမောင်းကာ liliရဲ့ အချိန်ပိုင်းအလုပ်ကို
ထွက်လာခဲ့သည်။

အချိန်ပိုင်းသို့ သွားနေသည့်လမ်းတွင်

"lisa ငါ့ eommaနဲ့ appaတစ်ပတ်လောက်နေရင်
ပြန်လာမယ်တဲ့ နင့်မိဘတွေရော လိုက်လာမယ် ဆိုလားပဲ"

liliရဲ့ မိဘတွေက စီးပွားရေး မပြေလည်မှုတွေကြောင့် liliကို
jenတို့အိမ်မှာ အပ်ပြီးနောက်ပိုင်း lili appaရဲ့ ကြိုးစားမှုတွေရယ်
jen appaရဲ့ ထောက်ပံ့ပေးမှုတွေရယ်ကြောင့် ပြန်လည်
စီးပွားရေးကောင်းမွန်လာပြီဖြစ်သည်။

"ဟင်...ဟုတ်လား appaက ငါ့ကို ဖုန်းလဲမဆက်ဘူး"

"အဲ့တာတော့ မသိဘူး ငါ့appaက lisaရောပြောလိုက်ဦးဆိုလို့လေ"

"innပါ တကယ်လို့ ငါ့ကို အိမ်ပြန်ခေါ်သွားရင် ဘယ်လိုလုပ်မလဲ"

jen တစ်ယောက် liliရဲ့ ထိုအမေးမှာ ခနတာ ငြိမ်သက်သွားမိသည်။
အရင်ကဆို liliက jenကို လိုလေသေးမရှိအောင်ခိုင်းသမျှလုပ်ပေး
သည်မလား။

ခံစားချက်တွေကို jenတစ်ယောက် ဘာမှ မဖြစ်သလိုဟန်ဆောင်ကာ

"အဲ့ကြတော့ ကောင်းတာပေါ့
ငါလည်း နင့်ကို ခုလိုလိုက်ပို့ပေးစရာမလိုတော့ဘူးပေါ့
ဒါပေမဲ့ ငါခိုင်းစရာရှိလို့ ခေါ်ရင်တော့ နင်မြန်မြန်ပြေးလာရမယ်နော်"

JealousWhere stories live. Discover now