သူ အဆက်အသွယ်ဖြတ်ပြီး ထွက်သွားတာ 3နှစ်ရှိပြီ
သူ့ကိုလွမ်းနေတဲ့ ကျမရဲ့ စိတ်တွေကတော့ ခုထိနေသားမကျသေး။လွမ်းတယ်။ သူနဲ့အမှတ်တရတွေကိုပြန်တွေးရင်း ညတိုင်းငိုနေမိတာ
ခုဆို ရက်ပေါင်း1095ရက်ရှိပြီ။ သူ ကျမစီပြန်လာမယ်လို့
ယုံကြည်နေတယ်။ ချစ်တယ်လို့ ဝန်မခံရဲခဲ့တဲ့ ကိုယ့်အပြစ်တွေကို
ကျေကျေနပ်နပ်ခံယူရင်း သူ့ကိုစောင့်နေဆဲ။ဒီတစ်ခါတော့ liliစီကို jen အရောက်လှမ်းလာမယ်။
နှလုံးသားထဲမှာ jenအတွက် နည်းနည်းပဲဖြစ်ဖြစ် နေရာလေးချန်ထား
ပေးပါ။lili အရင်ကလို အေးတိအေးစက်နေတက်တဲ့သူမဟုတ်တော့ပဲ
အပေါင်းအသင်းတွေလည်းများလာခဲ့တယ်။ ပျော်မလားဆိုပြီး
တွဲခဲ့တဲ့ မိန်းကလေးတွေကလည်းမနည်းတော့။
နှလုံးသားကတော့ နာကျင်မယ်မှန်းသိသိရက်နဲ့ကို
တစ်စုံတစ်ယောက်ကို မက်မက်မောမော တမ်းတနေတုန်း။"lili နင်koreaမပြန်တော့ဘူးလား"
"ငါမပြန်ချင်ဘူး chae
ခုလည်းအဆင်ပြေနေတာပဲလေ""ရှောင်ပြေးနေလို့ ရတဲ့အရာမှ မဟုတ်တာliliရယ်
ဒီတစ်ခါ နင်ရဲ့ ပန်းချီပြပွဲကို koreaမှာပါ ပြရအောင်လေနော်""ငါ သူနဲ့ ရင်မဆိုင်ရဲသေးဘူး"
"နင်မှာ ဘာအမှားမှမှ မရှိတာ ဘာလို့ ရင်မဆိုင်ရဲရမှာလဲ
သူ့ရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး အလှပဆုံးပြုံးနေလိုက်ပေါ့ဟာ
ပြီးတော့ unnie sooကိုလည်း စဉ်းစားပေးလိုက်ပါဦး
သူ့JS groupမှာနင့်ကိုArtနဲ့ပတ်သက်တဲ့ အလုပ်လေးတွေ
ဝင်လုပ်စေချင်နေတာမလား
unnieက နင့်ကျေးဇူးရှင်ဆိုလည်း မမှားဘူးနော်""ဟုတ်တယ် unnie အတွက်တော့ ငါထည့်စဉ်းစားရဦးမယ်
unnieက ငါ့ကို သိပ်ဂရုစိုက်ပေးတာလေ""အဲ့တာဆို ဒီတစ်ခေါက် ငါkoreaပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ရင်
နင့်အတွက်ပါ ပိုဖြတ်လိုက်ပြီနော်""နင်ဆိုသည်မှာလည်း ဇွတ်နော်
လုပ်ချင်တာသာလုပ်တော့" ဟုပြောရင်း အပြင်ထွက်ဖို့ ပြင်လိုက်သည်။"ဟဲ့.... နင်ဘယ်သွားမလို့လဲ ညနေစာအတူတူစားမလို့ပါဆို"
"ချိန်းထားတယ်ရှိတယ် ကိုယ့်ဘာသာ စားလိုက်တော့"
"ဘယ်သူနဲ့လဲ?"
"sweet နဲ့"
"နင် အဲ့လို အပျော်တွဲနေတာတွေ ဘယ်တော့ရပ်မှာလဲ
ပြီးတော့ ဟိုတစ်ယောက်ကိုလဲ မေ့နိုင်တာမဟုတ်ပဲနဲ့များ""တော်တော့ chae သူ့အကြောင်းထပ်မပြောနဲ့"လို့ပြောရင်း
တံခါးကို စောင့်ပိတ်ကာ ထွက်လာခဲ့လိုက်သည်။
သူ့ကို သတိရနေမိတဲ့ ကိုယ့်စိတ်ကိုယ်လည်း မုန်းလှပါပြီ။chaeကတော့ တံခါးစောင့်ပိတ်ကာ ထွက်သွားတဲ့
liliကိုကြည့်ရင်း အချစ်က လူကိုပုံစံအမျိုးမျိုးပြောင်းလဲ
စေပါလားလို့ တွေးလိုက်မိသည်။
အချစ်ကြောင့် နူးညံ့ခဲ့သလို အချစ်ကြောင့်ပဲ မာကျောတက်ခဲ့တယ်လေ။"sweet"
"ပြောလေ li"
"ကိုယ်နောက် အပတ်လောက် koreaပြန်ဖြစ်မယ်ထင်တယ်"
"why li????
မပြန်လို့မရဘူးလာဟင်""မရလို့ပါ sweetရယ်
ဟိုကိုပြန်မှာက အလုပ်ကိစ္စတွေကြောင့်ရောလေ""sweetတော့ liကို လွမ်းနေတော့မှာပဲ
လိုက်ခဲ့ချင်ပေမဲ့ အလုပ်တွေကလည်းရှိသေးတယ်
အလုပ်တွေပြီးတာနဲ့လိုက်လာခဲ့လို့ရတယ်မဟုတ်လားဟင်""ရတာပေါ့ sweetရဲ့"
ထိုအခါမှ ကျေနပ်သွားသည့်ဟန်ဖြင့် liliနဖူးကို အနမ်းလေးလာပေးသည်
လေ။ ပြန်မတုန့်ပြန်မိပေမဲ့ ငြိမ်တော့ခံနေမိသည်။
အမှန်ဆို ဘယ်ကောင်မလေးနဲ့မှ ကြာကြာမတွဲဖြစ်။
sweet ဆိုသည့်တစ်ယောက်နှင့်တော့ မြဲနေသည်ပြောရမည်။သူက မေတ္တာတွေပေးပြီး သိပ်ဂရုစိုက်တယ်လေ။
တစ်စုံတစ်ယောက်စီက မရခဲ့ဘူးတဲ့ ဂရုစိုက်မှုတွေကို
သူ့စီက အပြည့်အဝရနေတော့ သာယာနေမိတာ သဘာဝပဲမလား?ဦးနှောက်ကို ထိုဂရုစိုက်မှုတွေကို အပြည့်အဝ လက်ခံပေးနေပေမဲ့
အလိုက်မသိတဲ့ နှလုံးသားကတော့ မပြောင်းမလဲပဲ
သူမ မှ သူမဖြစ်နေလေရဲ့။koreaကိုပြန်တဲ့အခါ ကိုယ့်နှလုံးသားရဲ့ ဆန္ဒတွေကို ထိန်းချုပ်ထညးနိုင်ဖို့
အကြိမ်ကြိမ် ဆုတောင်းမိနေတော့သည်။မချစ်လို့ သူ့ရှေ့က ထွက်ပြေးခဲ့ခြင်းမျိုးမှ မဟုတ်တာ
ကိုယ်က သိပ်ချစ်လွန်းနေတော့ ကိုယ့်အချစ်တွေက သူမကို
အနှောက်ယှက်ဖြစ်နေမှာစိုးလို့သာ သူမနဲ့ ဝေးရာပြေးထွက်လာခဲ့တာလေ။
နှလုံးသားက သူ့ပိုင်ရှင်ရှိရာ အရပ်ကို ပြန်ရောက်တဲ့အခါ
ကိုယ့်အမိန့်တွေကို ဆက်ပြီး နာခံနေပါဦး မလား........................................................................................................
Reader 1 ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော်🙏
Thank you ❤Love you❤
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...