နေ့လည်ကဘာမှ မစားရသေးတာကြောင့်
Liliရဲ့ဗိုက်ထဲက ဆန္ဒတွေပြနေသော်လည်း
လစ်လျူရှုထားလိုက်ပြီး စာကိုသာဖိလုပ်နေမိသည်။
ညနေကျောင်းဆင်းချိန် jenကအရင်ထွက်သွားတာမို့
lili၁ယောက် jenနောက်ကိုအပြေးလေးလိုက်ကာ
"jenဒီနေ့ငါ့အိမ်က နင်နဲ့တူတူပြန်လာဖို့ပြောလိုက်တယ်
လာကြိုဖို့မအားလို့တဲ့"
"အာ...ဘယ်လိုလုပ်မလဲ
ငါကဒီနေ့ နင်နဲ့ကားတူတူမစီးချင်ဘူး
အဲ့တော့ ကိုယ့်ခြေထောက်လေးကိုယ်သုံးပြီးပြန်လိုက်ပေါ့ဟာနော့"
liliကိုပြောပြီးပြီးချင်း jenကားပေါ်တက်ထိုင်ကာ
အောင်နိုင်သူအပြုံးနဲ့ထွက်သွားသည်။
💭ဟူး...ဘယ်တက်နိုင်မလဲ
လမ်းပဲလျောက်ပြန်တာပေါ့
အရေးထဲဆို မိုးကလည်းရွာတော့မယ်ထင်တယ်💭
အိမ်ပြန်လမ်းတစ်ဝက်မှာတင်မိုးကသဲကြီးမဲကြီးရွာနေတာကြောင့်
သစ်ပင်ကြီးကြီးတစ်ပင်အောက်မှာဝင်ပြီးliliမိုးခိုနေရသည်။
မိုးကလည်းရွာနေတာ နာရီဝက်လောက်ရှိပြီ မတိတ်သေး
Liliလည်းတော်တော်ချမ်းလာလို့ကြက်သီးလေးတွေထပြီး
အသားလေးတွေတောင်တုန်လာပြီ။
ခနကြာတော့ liliရှေ့ကားလေးတစ်စီးထိုးရပ်လာသည်
ကားထဲမှ liliနဲ့ရွယ်တူလောက်ရှိမည့်ကောင်မလေး၁ယောက်က
ထီးလေးဆောင်းကာ သူမစီကိုဦးတည်လာနေသည်။
"ဟေ့ နင်မချမ်းဘူးလား
ဒီမှာ ဘာရပ်လုပ်နေတာလဲ"
"ငါအိမ်ပြန်မလို့ မိုးကအရမ်းရွာနေလို့
အဲ့တာ..."
"ဒါဆို တက်လေ
ငါလိုက်ပို့ပေးမယ်"
"နင်နဲ့ငါက သိမှမသိတာ
နင့်ကိုယုံလို့ ရပ့မလား"
"အမလေး...ကျမရုပ်က လူလိမ်ရုပ်ပေါက်နေလို့လား"
"မ..မဟုတ်..ပါဘူး"
"အဲ့တာဆိုလည်း ကားပေါ်တက်
နင်ဒီမှာ အကြာကြီးဆက်ရပ်နေရင်ဖျားနေလိမ့်မယ်"
"inn"
liliလည်း အတော်ချမ်းနေတာကြောင့် ထိုကောင်မလေးပြောတဲ့အတိုင်း
ကားပေါ်တက်လိုက်သည်။
သူကတော့ကားရှေ့ခန်းမှာပေါ့ဘေးကတော့သူ့တို့အိမ်ကDriverတဲ့။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...
